အလုပ္ခြင္မွာ လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္တာ သည္းခံစရာမရွိလို႔ အီဗန္ကာ ေျပာ

0
326

အလုပ္ခြင္မွာ အမ်ိဳးသမီးေတြကို လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္တာဟာ သည္းခံႏိုင္စရာ မရွိဘူးလို႔ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ရဲ႕ သမီး အီဗန္ကာ ထရမ့္က ေျပာပါတယ္။

ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕မွာ က်င္းပတဲ့ အမ်ိဳးသမီး ကမာၻ႔ ညီလာခံမွာ သမၼတ အႀကံေပးလည္း ျဖစ္တဲ့ အီဗန္ကာ ထရမ့္က အလုပ္ခြင္ ယဥ္ေက်းမႈမွာ အမ်ိဳးသမီးေတြကို အေလးထားဆက္ဆံဖို႔ ပ်က္ကြက္ေနပါတယ္၊ ပံုစံအမ်ိဳးမ်ိဳးနဲ႔ လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္မႈေတြကို သည္းခံစရာ မရွိဘူးလို႔ ဒီေန႔ ႏိုဝင္ဘာ ၃ ရက္ေန႔မွာ ေျပာဆိုလိုက္တာပါ။

ေဟာလိဝုဒ္႐ုပ္ရွင္ ေလာကမွာ မင္းသမီးေတြ၊ ဝန္ထမ္း အမ်ိဳးသမီးေတြကို လိင္ပိုင္းဆိုင္ရာ အမ်ိဳးမ်ိဳး ေႏွာင့္ယွက္မႈေတြ ရွိခဲ့ေၾကာင္း စြပ္စြဲခ်က္ေတြ တစ္ခုၿပီးတစ္ခု ထြက္ေပၚလာတာနဲ႔ ပတ္သက္ၿပီး အီဗန္ကာ ထရမ့္က ရည္ရြယ္ ေျပာဆိုတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဥပမာ ပံုစံေပးၿပီး ေျပာဆိုျခင္းေတာ့ မရွိပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်ခွင်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာ သည်းခံစရာမရှိလို့ အီဗန်ကာ ပြော

အလုပ်ခွင်မှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာဟာ သည်းခံနိုင်စရာ မရှိဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သမီး အီဗန်ကာ ထရမ့်က ပြောပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပတဲ့ အမျိုးသမီး ကမ္ဘာ့ ညီလာခံမှာ သမ္မတ အကြံပေးလည်း ဖြစ်တဲ့ အီဗန်ကာ ထရမ့်က အလုပ်ခွင် ယဉ်ကျေးမှုမှာ အမျိုးသမီးတွေကို အလေးထားဆက်ဆံဖို့ ပျက်ကွက်နေပါတယ်၊ ပုံစံအမျိုးမျိုးနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို သည်းခံစရာ မရှိဘူးလို့ ဒီနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ ပြောဆိုလိုက်တာပါ။

ဟောလိဝုဒ်ရုပ်ရှင် လောကမှာ မင်းသမီးတွေ၊ ဝန်ထမ်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အမျိုးမျိုး နှောင့်ယှက်မှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အီဗန်ကာ ထရမ့်က ရည်ရွယ် ပြောဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဥပမာ ပုံစံပေးပြီး ပြောဆိုခြင်းတော့ မရှိပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)