
0
311




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယူးယောက်တိုက်ခိုက်မှု သူတို့လက်ချက်လို့ IS ကြေညာ

အမေရိကန်၊ နယူးယောက်မြို့မှာ ကားနဲ့ ဝင်တိုက်လို့ လူရှစ်ဦး သေဆုံးတဲ့ အကြမ်းဖက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အကြမ်းဖက်အဖွဲ့က အထောက်အထားမရှိဘဲ ကြေညာလိုက်ပါတယ်။

အယ်လ်နာဘာ စာစောင်မှာ IS အစွန်းရောက်အကြမ်းဖက် အဖွဲ့က ကားနဲ့ လူတွေကို ဝင်တိုက်တဲ့ ဆေဖူလို ဆိုင်ပေါ့ဗ်ဟာ IS တပ်သားတစ်ဦး ဖြစ်တယ်လို့ ကြေညာတာ ဖြစ်ပါတယ်။

မန်ဟက်တန်မှာ နိုဝင်ဘာ ၁ ရက်နေ့က အသက် ၂၉ နှစ်အရွယ် ဥဇဘက် နိုင်ငံသား ဆေဖူလို ဆိုင်ပေါ့ဗ်က ကားနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီတိုက်ခိုက်မှုကို ဆိုင်ပေါ့ဗ် တစ်ဦးတည်း လုပ်ဆောင်တယ်ဆိုတဲ့ အချက်ပဲ တွေ့သေးတယ်လို့ ရဲတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)