အေမရိကန္ ဗံုးႀကဲေလယာဥ္ေတြ ကိုရီးယား ကြ်န္းဆြယ္မွာ ေလ့က်င့္ ပ်ံသန္း

0
392

အာရွကို အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္ ခရီးစဥ္ မစတင္မီ ေျမာက္ကိုရီးယားကို အင္အားျပတဲ့အေနနဲ႔ အေမရိကန္ ဆူပါဆိုးနစ္ ဗံုး    ႀကဲေလယာဥ္ ႏွစ္စီးဟာ ကိုရီးယားကြ်န္းဆြယ္မွာ ေလ့က်င့္ ပ်ံသန္းခဲ့ပါတယ္။

မေန႔က ႏိုဝင္ဘာ ၂ ရက္ေန႔မွာ B-1B ဗံုးႀကဲေလယာဥ္ႀကီး ႏွစ္စီးဟာ ေတာင္ကိုရီးယား F-16 တိုက္ေလယာဥ္ႏွစ္စီး ၿခံရံၿပီး အေမရိကန္ပိုင္ ဂူအမ္ကြ်န္းကေန ထြက္ခြာလာတာ ျဖစ္တယ္လို႔ ေတာင္ကိုရီးယား စစ္တပ္က ေၾကညာပါတယ္။ ေလ့က်င့္ ပ်ံသန္းမႈမွာ လက္နက္ေတြ တပ္ဆင္ထားျခင္းမ်ိဳးေတာ့ မရွိပါဘူး။

ေျမာက္ကိုရီးယား အစိုးရပိုင္ မီဒီယာကေတာ့ ဒီလို ေလ့က်င့္တာဟာ ႏ်ဴကလီးယား စစ္ဆင္ေရး ေလ့က်င့္မႈ ျဖစ္တယ္၊ ဂိုဏ္းစတားပံုစံ အေမရိကန္ အရင္းရွင္ေတြလို႔ သံုးႏႈန္းၿပီး ဒါဟာ ႏ်ဴကလီးယား စစ္ပြဲကို မီးေမႊးေနတာလို႔ ေဝဖန္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် ဗုံးကြဲလေယာဉ်တွေ ကိုရီးယား ကျွန်းဆွယ်မှာ လေ့ကျင့် ပျံသန်း

အာရှကို အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ခရီးစဉ် မစတင်မီ မြောက်ကိုရီးယားကို အင်အားပြတဲ့အနေနဲ့ အမေရိကန် ဆူပါဆိုးနစ် ဗုံးကြဲလေယာဉ် နှစ်စီးဟာ ကိုရီးယားကျွန်းဆွယ်မှာ လေ့ကျင့် ပျံသန်းခဲ့ပါတယ်။

မနေ့က နိုဝင်ဘာ ၂ ရက်နေ့မှာ B-1B ဗုံးကြဲလေယာဉ်ကြီး နှစ်စီးဟာ တောင်ကိုရီးယား F-16 တိုက်လေယာဉ်နှစ်စီး ခြံရံပြီး အမေရိကန်ပိုင် ဂူအမ်ကျွန်းကနေ ထွက်ခွာလာတာ ဖြစ်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ကြေညာပါတယ်။ လေ့ကျင့် ပျံသန်းမှုမှာ လက်နက်တွေ တပ်ဆင်ထားခြင်းမျိုးတော့ မရှိပါဘူး။

မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာကတော့ ဒီလို လေ့ကျင့်တာဟာ နျူကလီးယား စစ်ဆင်ရေး လေ့ကျင့်မှု ဖြစ်တယ်၊ ဂိုဏ်းစတားပုံစံ အမေရိကန် အရင်းရှင်တွေလို့ သုံးနှုန်းပြီး ဒါဟာ နျူကလီးယား စစ်ပွဲကို မီးမွှေးနေတာလို့ ဝေဖန်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)