
0
344




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကတ်တလန် ဝန်ကြီး ရှစ်ဦးကို စပိန်တရားသူကြီး ထောင်ဒဏ်ချမှတ်

စပိန်နိုင်ငံကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာဖို့ ကြိုးပမ်းမှုအတွက် ကတ်တာလိုနီးယား ဒေသက ဖြုတ်ချခံရတဲ့ ဝန်ကြီး ရှစ်ဦးကို စပိန်တရားသူကြီးက ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။

မနေ့က နိုဝင်ဘာ ၂ ရက်နေ့မှာ ကြားနာတဲ့ တရားစီရင်မှုမှာ တက်ရောက်လာတဲ့ ကတ်တလန် ဝန်ကြီးဟောင်း ကိုးဦးအနက် ရှစ်ဦး ထောင်ဒဏ်ချမှတ်ခံရတာ ဖြစ်ပါတယ်။ ကတ်တလန် ဝန်ကြီးဟောင်းတွေဟာ ဆူပူထကြွအောင် လှုံ့ဆော်မှု၊ သူပုန်ထမှုနဲ့ ပြည်သူ့ရန်ပုံငွေ အလွဲသုံးစား လုပ်မှုတွေနဲ့ စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။

တခြားနိုင်ငံကို ထွက်ပြေးသွားတဲ့ ကတ်တလန် ခွဲထွက်ရေး ခေါင်းဆောင် ကားလ် ပူဒီမွန်နဲ့ တရားရုံးကို လာရာက်ခြင်း မရှိတဲ့ တခြား ဝန်ကြီး လေးဦးကို ဥရောပ ဖမ်းဝရမ်းထုတ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)