အင္ဒိုနီးရွား ဆူလာေဝဆီကၽြန္းမွာ ငလ်င္လႈပ္ၿပီးေနာက္ မီးေတာင္ေပါက္ကြဲ

0
713

အင္ဒိုနီးရွားႏုိင္ငံ၊ ဆူလာေဝဆီကၽြန္းမွာ အင္အားျပင္းငလ်င္ လႈပ္ခတ္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ကၽြန္း ေျမာက္ပိုင္းရွိ မီးေတာင္ ေပါက္ကြဲမႈ ျဖစ္ခဲ့ပါတယ္။

ဆူပူတန္မီးေတာင္က ထြက္တဲ့ျပာေတြဟာ မီးေတာင္ အေနာက္ဘက္နဲ႔ အေနာက္ေျမာက္ဘက္ကို ဦးတည္ခဲ့ေၾကာင္း အင္ဒိုနီးရွား သဘာဝ ေဘးအႏၱရာယ္ စီမံခန္႔ခြဲေရးအဖြဲ႔ ေျပာေရးဆုိခြင့္ရွိသူ ဆူတိုပိုေပၚဝိုႏူဂ႐ိုဟိုက ေျပာပါတယ္။

ဆူလာေဝဆီကၽြန္းမွာ စက္တင္ဘာ ၂၈ ရက္ေန႔က အင္အားျပင္း ငလ်င္နဲ႔ ဆူနာမီ လႈိင္းလံုးေတြ ဝင္ေရာက္မႈေၾကာင့္ လူေပါင္း ၁၄၀၀ ခန္႔ ေသဆံုးခဲ့ရပါတယ္။ ငလ်င္နဲ႔ ဆူနာမီေၾကာင့္ လူေပါင္း ရာခ်ီ ဒဏ္ရာရခဲ့ၿပီး လူအမ်ားစုက အစားစာ၊ ေဆးဝါးနဲ႔ တျခားအသံုးေဆာင္ပစၥည္းေတြ လိုအပ္ေနဆဲ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်ဒိုနီးရှား ဆူလာဝေဆီကျွန်းမှာ ငလျင်လှုပ်ပြီးနောက် မီးတောင်ပေါက်ကွဲ

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီကျွန်းမှာ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ကျွန်း မြောက်ပိုင်းရှိ မီးတောင် ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

ဆူပူတန်မီးတောင်က ထွက်တဲ့ပြာတွေဟာ မီးတောင် အနောက်ဘက်နဲ့ အနောက်မြောက်ဘက်ကို ဦးတည်ခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုပေါ်ဝိုနူဂရိုဟိုက ပြောပါတယ်။

ဆူလာဝေဆီကျွန်းမှာ စက်တင်ဘာ ၂၈ ရက်နေ့က အင်အားပြင်း ငလျင်နဲ့ ဆူနာမီ လှိုင်းလုံးတွေ ဝင်ရောက်မှုကြောင့် လူပေါင်း ၁၄၀ဝ ခန့် သေဆုံးခဲ့ရပါတယ်။ ငလျင်နဲ့ ဆူနာမီကြောင့် လူပေါင်း ရာချီ ဒဏ်ရာရခဲ့ပြီး လူအများစုက အစားစာ၊ ဆေးဝါးနဲ့ တခြားအသုံးဆောင်ပစ္စည်းတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)