တ႐ုတ္ နာမည္ေက်ာ္မင္းသမီး ဖန္ဘင္းဘင္း ဒဏ္ေငြ ယြမ္ သန္းခ်ီ ဒဏ္႐ိုက္ခံရ

0
1396

ေဟာလိဝုဒ္မွာပါ ေက်ာ္ၾကားတဲ့ တ႐ုတ္နာမည္ေက်ာ္ မင္းသမီး ဖန္ဘင္းဘင္းဟာ အခြန္တိမ္းေရွာင္မႈအျပင္ တျခား ျပစ္မႈေတြေၾကာင့္ တ႐ုတ္ယြမ္ေငြ သန္းရာခ်ီ ဒဏ္႐ိုက္ခံလိုက္ရပါတယ္။

မင္းသမီး ဖန္ဘင္းဘင္းဟာ အမ်ားျပည္သူ ျမင္ကြင္းကေန ေပ်ာက္ကြယ္ေနခဲ့ၿပီး သံုးလနီးပါးအၾကာမွာ အခုလို ဒဏ္႐ိုက္ခံလုိက္ရတာ ျဖစ္ပါတယ္။ တ႐ုတ္ သ႐ုပ္ေဆာင္ေတြထဲမွာ သ႐ုပ္ေဆာင္ခ အျမင့္ဆံုး ရရွိေနတဲ့ မင္းသမီး ဖန္ဘင္းဘင္းဟာ သတ္မွတ္ခ်ိန္အတြင္း ဒဏ္ေၾကး ေဆာင္မွသာ ရာဇဝတ္မႈနဲ႔ စြဲခ်က္တင္ခံရမွာ မဟုတ္ေၾကာင္း တ႐ုတ္ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

တ႐ုတ္အာဏာပုိင္ေတြဟာ တ႐ုတ္ႏုိင္ငံအတြင္းရွိ ထင္ရွားသူေတြနဲ႔ နာမည္ေက်ာ္ေတြ ဝင္ေငြရရွိေနတဲ့ စာခ်ဳပ္ေတြကို စံုစမ္းစစ္ေဆးခ်ိန္မွာ မင္းသမီး ဖန္ဘင္းဘင္းရဲ႕ အခြန္တိမ္းေရွာင္မႈကို စံုစမ္းသိရွိခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ် နာမည်ကျော်မင်းသမီး ဖန်ဘင်းဘင်း ဒဏ်ငွေ ယွမ် သန်းချီ ဒဏ်ရိုက်ခံရ

ဟောလိဝုဒ်မှာပါ ကျော်ကြားတဲ့ တရုတ်နာမည်ကျော် မင်းသမီး ဖန်ဘင်းဘင်းဟာ အခွန်တိမ်းရှောင်မှုအပြင် တခြား ပြစ်မှုတွေကြောင့် တရုတ်ယွမ်ငွေ သန်းရာချီ ဒဏ်ရိုက်ခံလိုက်ရပါတယ်။

မင်းသမီး ဖန်ဘင်းဘင်းဟာ အများပြည်သူ မြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့ပြီး သုံးလနီးပါးအကြာမှာ အခုလို ဒဏ်ရိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။ တရုတ် သရုပ်ဆောင်တွေထဲမှာ သရုပ်ဆောင်ခ အမြင့်ဆုံး ရရှိနေတဲ့ မင်းသမီး ဖန်ဘင်းဘင်းဟာ သတ်မှတ်ချိန်အတွင်း ဒဏ်ကြေး ဆောင်မှသာ ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရမှာ မဟုတ်ကြောင်း တရုတ် သတင်းတွေက ဖော်ပြခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေဟာ တရုတ်နိုင်ငံအတွင်းရှိ ထင်ရှားသူတွေနဲ့ နာမည်ကျော်တွေ ဝင်ငွေရရှိနေတဲ့ စာချုပ်တွေကို စုံစမ်းစစ်ဆေးချိန်မှာ မင်းသမီး ဖန်ဘင်းဘင်းရဲ့ အခွန်တိမ်းရှောင်မှုကို စုံစမ်းသိရှိခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)