
0
939




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထရာမီ တိုင်ဖွန်း မုန်တိုင်းကြောင့် ဂျပန်မှာ အိမ်ခြေ သိန်းချီ လျှပ်စစ်မီး ပြတ်တောက်

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ထရာမီကြောင့် ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ အိမ်ထောင်စုပေါင်း သိန်းနဲ့ချီပြီး လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။

အင်အားပြင်း ထရာမီတိုင်ဖွန်းမုန်တိုင်းဟာ စက်တင်ဘာ ၃၀ ရက်နေ့ကနေ တနင်္ဂနွေနေ့ကနေ အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းအထိ ဂျပန်ကျွန်းစုကို ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် ရှီဇုအိုကာခရိုင်မှာ အိမ်ပေါင်း ၇ သိန်းကျော် လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ပါတယ်။

အဲဒီ ဓာတ်အားပြတ်တောက်မှုဟာ ချူးဘု လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီက ဖြန့်ဖြူးပေးနေတဲ့ အိမ်ထောင်စု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကျော်ကို ထိခိုက်ခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် မီးပွိုင့် ၁၈၀ဝ လောက် ရပ်တန့်ခဲ့ပြီး ယာဉ်အသွားအလာတွေကို ထိန်းချုပ်ဖို့အတွက် ဒေသန္တရ ရဲအရာရှိတွေက ဆောင်ရွက်ခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)