တ႐ုတ္ စစ္သေဘၤာေတြ အေမရိကန္ စစ္သေဘၤာအနီး ခ်ဥ္းကပ္ခဲ့လို႔ တင္းမာမႈအရွိန္ျမင့္ေန

0
186

တ႐ုတ္ဖ်က္သေဘၤာ တစ္စင္းဟာ အေမရိကန္ ေရတပ္ဖ်က္သေဘၤာအနီးကို ခ်ဥ္းကပ္ခဲ့တယ္လို႔ အေမရိကန္စစ္တပ္က ေျပာပါတယ္။

တ႐ုတ္က ထိန္းခ်ဳပ္ထားတဲ့ ေတာင္တ႐ုတ္ ပင္လယ္အတြင္းရွိ ကၽြန္းေတြအနီး အေမရိကန္ ဖ်က္သေဘၤာဟာ လြတ္လပ္စြာ ေရေၾကာင္းသြားလာႏိုင္တဲ့ ေနရာမွာ ထမ္းေဆာင္ေနခဲ့တာ ျဖစ္တယ္လို႔ အေမရိကန္စစ္တပ္က ေျပာပါတယ္။ အေမရိကန္ ပစိဖိတ္ေရတပ္ဖြဲ႔ရဲ႕ ေၾကညာခ်က္ထဲမွာ တ႐ုတ္ဖ်က္သေဘၤာဟာ ပဲ့ထိန္းဒုံးက်ည္ တပ္ဆင္ထားတဲ့ USS Decatur နဲ႔ မီတာ ၄၀ အကြာအတြင္းကို ခ်ဥ္းကပ္လာခဲ့တယ္လို႔ ေျပာထားပါတယ္။

USS Decatur ဟာ စပရက္တလီ ကၽြန္းစုတြင္းက ေဂဗင္နဲ႔ ဂၽြန္ဆင္ သႏၲာေက်ာက္တန္းရဲ႕ ေရမိုင္ ၁၂ မိုင္ အတြင္း ေမာင္းႏွင္ေနခဲ့တာ ျဖစ္ပါတယ္။ အဲဒီကၽြန္းစုဟာ တ႐ုတ္ပိုင္ မဟုတ္ဘူးလို႔ အေမရိကန္က ေျပာထားပါတယ္။ တ႐ုတ္ေရယာဥ္က ရန္လိုတဲ့ အျပဳအမူေတြကို လုပ္တဲ့အတြက္ ေရယာဥ္ခ်င္း တိုက္မိမႈမျဖစ္ေအာင္ အေမရိကန္ဖ်က္သေဘၤာက ေရွာင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ် စစ်သင်္ဘောတွေ အမေရိကန် စစ်သင်္ဘောအနီး ချဉ်းကပ်ခဲ့လို့ တင်းမာမှုအရှိန်မြင့်နေ

တရုတ်ဖျက်သင်္ဘော တစ်စင်းဟာ အမေရိကန် ရေတပ်ဖျက်သင်္ဘောအနီးကို ချဉ်းကပ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

တရုတ်က ထိန်းချုပ်ထားတဲ့ တောင်တရုတ် ပင်လယ်အတွင်းရှိ ကျွန်းတွေအနီး အမေရိကန် ဖျက်သင်္ဘောဟာ လွတ်လပ်စွာ ရေကြောင်းသွားလာနိုင်တဲ့ နေရာမှာ ထမ်းဆောင်နေခဲ့တာ ဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ အမေရိကန် ပစိဖိတ်ရေတပ်ဖွဲ့ရဲ့ ကြေညာချက်ထဲမှာ တရုတ်ဖျက်သင်္ဘောဟာ ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားတဲ့ USS Decatur နဲ့ မီတာ ၄၀ အကွာအတွင်းကို ချဉ်းကပ်လာခဲ့တယ်လို့ ပြောထားပါတယ်။

USS Decatur ဟာ စပရက်တလီ ကျွန်းစုတွင်းက ဂေဗင်နဲ့ ဂျွန်ဆင် သန္တာကျောက်တန်းရဲ့ ရေမိုင် ၁၂ မိုင် အတွင်း မောင်းနှင်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီကျွန်းစုဟာ တရုတ်ပိုင် မဟုတ်ဘူးလို့ အမေရိကန်က ပြောထားပါတယ်။ တရုတ်ရေယာဉ်က ရန်လိုတဲ့ အပြုအမူတွေကို လုပ်တဲ့အတွက် ရေယာဉ်ချင်း တိုက်မိမှုမဖြစ်အောင် အမေရိကန် ဖျက်သင်္ဘောက ရှောင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)