တရုတ္မွာ ယန္ကုိ အကနဲ႔ ဂင္းနစ္စံခ်ိန္တင္

0
353

တရုတ္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းရွိ ဒြန္ဟြာၿမိဳ႕မွာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၃၀ ရက္ေန႔က ယန္ကိုအကနဲ႔ ဂင္းနစ္စံခ်ိန္  တင္ႏိုင္ခဲ႔ပါတယ္။

အဲ့ဒီအကဟာ ယန္ဘီယန္  ကိုရီးယား ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ နယ္ေျမအတြင္း ႏွစ္စဥ္က်င္းပတဲ႔ ရိုးရာပြဲေတာ္တစ္ခုျဖစ္ၿပီး အခု စံခ်ိန္တင္ဖို႔ ႀကိဳးစားမႈမွာ လူေပါင္း ၁၁၉၁၉ ေယာက္ ပါ၀င္ေဖ်ာ္ေျဖခဲ့ၾကပါတယ္။

လူၾကိဳက္မ်ားတဲ့ ယန္ကိုေက်းလက္ရိုးရာ အကမွာ ေျခတံရွည္လမ္းေလ်ွာက္ျခင္းေတြ၊ နဂါးအက ေတြပါ ပါ၀င္ပါတယ္။

ယန္ကို ရိုးရာအကနဲ႔ ဂင္းနစ္စံခ်ိန္ ရရွိဖို႔  တရုတ္ အေရွ႔ေျမာက္ပိုင္း ျပည္နယ္ ၃ ခု စုေပါင္းက ခုန္ခဲ့ၾကတာျဖစ္ၿပီး ေရွးေဟာင္းယဥ္ေက်းမႈနဲ႔ အေမြအႏွစ္ေတြ ထြန္းကားရာ ယန္ဘီယန္ နဲ႔ ဒြန္ဟြာ ေဒသမွာ  စီးပြားေရးနဲ႔ လူမႈေရးလုပ္ငန္းေတြ တိုးတက္လာဖို႔ ရည္ရြယ္ျပဳလုပ္တာလို႔  တာ၀န္ရွိသူ တစ္ဦးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်မှာ ယန်ကို အကနဲ့ ဂင်းနစ်စံချိန်တင်
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဒွန်ဟွာမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ယန်ကိုအကနဲ့ ဂင်းနစ်စံချိန် တင်နိုင်ခဲ့ပါတယ်။

အဲ့ဒီအကဟာ ယန်ဘီယန် ကိုရီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်း နှစ်စဉ်ကျင်းပတဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး အခု စံချိန်တင်ဖို့ ကြိုးစားမှုမှာ လူပေါင်း ၁၁၉၁၉ ယောက် ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။

လူကြိုက်များတဲ့ ယန်ကိုကျေးလက်ရိုးရာ အကမှာ ခြေတံရှည်လမ်းလျှောက်ခြင်းတွေ၊ နဂါးအက တွေပါ ပါဝင်ပါတယ်။

ယန်ကို ရိုးရာအကနဲ့ ဂင်းနစ်စံချိန် ရရှိဖို့ တရုတ် အရှေ့မြောက်ပိုင်း ပြည်နယ် ၃ ခု စုပေါင်းက ခုန်ခဲ့ကြတာဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုနဲ့ အမွေအနှစ်တွေ ထွန်းကားရာ ယန်ဘီယန် နဲ့ ဒွန်ဟွာ ဒေသမှာ စီးပွားရေးနဲ့ လူမှုရေးလုပ်ငန်းတွေ တိုးတက်လာဖို့ ရည်ရွယ်ပြုလုပ်တာလို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)