ဆီးရီးယား ရဲစခန္း အေသခံဗံုးခြဲမႈ ၁၇ ဦး ေသ

0
245

ဆီးရီးယားႏိုင္ငံ၊ ဒမတ္စကတ္ၿမိဳ႕ေတာ္၊ မီဒန္ရပ္ကြက္ရွိ ရဲစခန္းကို မေန႔ ေအာက္တိုဘာ၂ ရက္ေန႔က ပစ္မွတ္ထား အေသခံဗံုးခြဲ           တုိက္ခိုက္ခဲ့လို႔  ေသဆံုးသူ အနည္းဆံုး ၁၇ ဦးရွိခဲ့ပါတယ္။

ရဲစခန္းကို အေသခံ ဗံုးခြဲတုိက္ခုိက္ခဲ့သူ အနည္းဆံုး ၃ ဦးေလာက္ ရွိၿပီး  ရဲစခန္းအတြင္းနဲ႔ အျပင္ဘက္မွာ   အေသခံ ဗံုးခြဲခဲ့တာျဖစ္တယ္လုိ႔ ရဲတပ္ဖြဲ႔၀င္ေတြက ေျပာပါတယ္။

မ်က္ျမင္သက္ေသေတြရဲ႕ ေျပာၾကားခ်က္အရ ဗံုးေဖာက္ခြဲမႈမွာ ေသဆံုးသူမ်ားစြာရွိခဲ့ၿပီး  အနီးနားမွာရွိတဲ့ ကားေတြ၊ အိမ္ေတြ၊ အေဆာက္အဦးေတြ ၿပိဳက်ပ်က္စီးမႈႈ ရွိခဲ႔ပါတယ္။ ဒါဟာ အၾကမ္းဖက္လုုပ္ရပ္လု႔ိ ထပ္မံေျပာဆိုခဲ့ပါတယ္။။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းကလည္း အသက္ ၇ ႏွစ္အရြယ္ မိန္းကေလးငယ္တစ္ဦး မီဒန္ ရပ္ကြက္ထဲက ရဲစခန္းအတြင္းမွာ အေသခံဗံုးခြဲ တုိက္ခုိက္ခဲ့ဖူးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီးရီးယား ရဲစခန်း အသေခံဗုံးခွဲမှု ၁၇ ဦး သေ

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့တော်၊ မီဒန်ရပ်ကွက်ရှိ ရဲစခန်းကို မနေ့ အောက်တိုဘာ၂ ရက်နေ့က ပစ်မှတ်ထား အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ သေဆုံးသူ အနည်းဆုံး ၁၇ ဦးရှိခဲ့ပါတယ်။

ရဲစခန်းကို အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့သူ အနည်းဆုံး ၃ ဦးလောက် ရှိပြီး ရဲစခန်းအတွင်းနဲ့ အပြင်ဘက်မှာ အသေခံ ဗုံးခွဲခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ ဗုံးဖောက်ခွဲမှုမှာ သေဆုံးသူများစွာရှိခဲ့ပြီး အနီးနားမှာရှိတဲ့ ကားတွေ၊ အိမ်တွေ၊ အဆောက်အဦးတွေ ပြိုကျပျက်စီးမှှုု ရှိခဲ့ပါတယ်။ ဒါဟာ အကြမ်းဖက်လုပ်ရပ်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မီဒန် ရပ်ကွက်ထဲက ရဲစခန်းအတွင်းမှာ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)