ပက္ဒ္ေဒါက္ခ္ရဲ႕ ဖခင္ဟာ ဘဏ္ဓားျပႀကီး ျဖစ္ခဲ့ဖူး

0
319

အေမရိကန္၊ လပ္စ္ ေဗးဂတ္စ္မွာ ၅၉ ဦး ရွိလာၿပီး ဒဏ္ရာရသူ ၅၂၇ ဦး ဒဏ္ရာရတဲ့ ပစ္ခတ္မႈ တရားခံ စတီဖင္ ပက္ဒ္ေဒါက္ခ္ရဲ႕ ဖခင္ျဖစ္သူဟာ ဘဏ္ဓားျပတစ္ဦး ျဖစ္ခဲ့ဖူးၿပီး FBI ရဲ႕ အလိုအရွိဆံုးသူ စာရင္းထဲ ဝင္ခဲ့ဖူးပါတယ္။

ပက္ဒ္ေဒါက္ခ္ရဲ႕ အေဖျဖစ္သူကို FBI က အႏၱရာယ္ရွိတဲ့ စိတၱဇသမားလို႔ သတ္မွတ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ပက္ဒ္ေဒါက္ခ္နဲ႔ သူ႔ညီ အဲရစ္ ပက္ဒ္ေဒါက္ခ္တို႔ဟာ သူ႔တို႔အေဖနဲ႔ အဆက္အဆံ မရွိခဲ့ဖူးပါဘူး။

ပစ္ခတ္ရတဲ့ အေၾကာင္းရင္းနဲ႔ ပတ္သက္ၿပီး စံုစမ္းဖို႔ ရဲေတြက အဲရစ္ကို ေမးျမန္းတဲ့အခါ သူတို႔မိသားစုဝင္ေတြလည္း ထိတ္လန္႔ တုန္လႈပ္ရေၾကာင္းနဲ႔ ပက္ဒ္ေဒါက္ခ္ဟာ စိတ္ခြ်တ္ယြင္းမႈ မျဖစ္ခဲ့ဖူးဘူးလို႔ ေျပာပါတယ္။

ပက္ဒ္ေဒါက္ခ္ဟာ ခ်မ္းသာၾကြယ္ဝသူ တစ္ဦးျဖစ္ၿပီး ႏိုင္ငံေရး၊ ဘာသာေရးေတြကိုလည္း စိတ္ဝင္စားသူ မဟုတ္ပါဘူး။ ပက္ဒ္ေဒါက္ခ္ဟာ မက္စ္ကြိဳက္ရွိ သူ႔အိမ္မွာေနတယ္၊ လပ္စ္ ေဗးဂတ္စ္ကို သြားၿပီး ေလာင္းကစားေလ့ ရွိတယ္လို႔ အဲရစ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပက်ဒ်ဒေါက်ခ်ရဲ့ ဖခင်ဟာ ဘဏ်ဓားပြကြီး ဖြစ်ခဲ့ဖူး

အမေရိကန်၊ လပ်စ် ဗေးဂတ်စ်မှာ ၅၉ ဦး ရှိလာပြီး ဒဏ်ရာရသူ ၅၂၇ ဦး ဒဏ်ရာရတဲ့ ပစ်ခတ်မှု တရားခံ စတီဖင် ပက်ဒ်ဒေါက်ခ်ရဲ့ ဖခင်ဖြစ်သူဟာ ဘဏ်ဓားပြတစ်ဦး ဖြစ်ခဲ့ဖူးပြီး FBI ရဲ့ အလိုအရှိဆုံးသူ စာရင်းထဲ ဝင်ခဲ့ဖူးပါတယ်။

ပက်ဒ်ဒေါက်ခ်ရဲ့ အဖေဖြစ်သူကို FBI က အန္တရာယ်ရှိတဲ့ စိတ္တဇသမားလို့ သတ်မှတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ပက်ဒ်ဒေါက်ခ်နဲ့ သူ့ညီ အဲရစ် ပက်ဒ်ဒေါက်ခ်တို့ဟာ သူ့တို့အဖေနဲ့ အဆက်အဆံ မရှိခဲ့ဖူးပါဘူး။

ပစ်ခတ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ ရဲတွေက အဲရစ်ကို မေးမြန်းတဲ့အခါ သူတို့မိသားစုဝင်တွေလည်း ထိတ်လန့် တုန်လှုပ်ရကြောင်းနဲ့ ပက်ဒ်ဒေါက်ခ်ဟာ စိတ်ချွတ်ယွင်းမှု မဖြစ်ခဲ့ဖူးဘူးလို့ ပြောပါတယ်။

ပက်ဒ်ဒေါက်ခ်ဟာ ချမ်းသာကြွယ်ဝသူ တစ်ဦးဖြစ်ပြီး နိုင်ငံရေး၊ ဘာသာရေးတွေကိုလည်း စိတ်ဝင်စားသူ မဟုတ်ပါဘူး။ ပက်ဒ်ဒေါက်ခ်ဟာ မက်စ်ကွိုက်ရှိ သူ့အိမ်မှာနေတယ်၊ လပ်စ် ဗေးဂတ်စ်ကို သွားပြီး လောင်းကစားလေ့ ရှိတယ်လို့ အဲရစ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)