
0
290

အီကွေဒေါ ဒုတိယ သမ္မတ ဂျာ့ဂ်ျ ဂလပ်စ်ဟာ ဘရာဇီး ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုကနေ လာဘ်ငွေယူခဲ့ကြောင်း သက်သေထင်ရှားတာကြောင့် ဗဟိုတရားရုံးက အောက်တိုဘာ ၂ ရက်နေ့မှာ ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီကွေဒေါ ဒု သမ္မတ လာဘ်စားမှုနဲ့ ထောင်ကျ

အီကွေဒေါ ဒုတိယ သမ္မတ ဂျာ့ဂျ် ဂလပ်စ်ဟာ ဘရာဇီး ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုကနေ လာဘ်ငွေယူခဲ့ကြောင်း သက်သေထင်ရှားတာကြောင့် ဗဟိုတရားရုံးက အောက်တိုဘာ ၂ ရက်နေ့မှာ ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

ရဲတွေက ဂလပ်စ်ကို ဂွာရာကေးမြို့ရှိ သူ့နေအိမ်ကနေ ဖမ်းဆီးပြီး လေယာဉ်နဲ့ ကွီတိုမြို့ကို ပို့ကာ ထိမ်းသိန်းထားပါတယ်။

ဂလပ်စ်ကို ထောက်ခံသူတွေကတော့ သူနဲ့ တစ်သားတည်းရှိတယ်လို့ ပြောဆိုခဲ့ကြပြီး သမ္မတ လီနင် မိုရင်နိုက ဒု သမ္မတ ဂလပ်စ်ရဲ့ နောက်ကျောကို ဓားနဲ့တာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ မုသားနဲ့ အချက်အလက် မှားတွေပေါ် အခြေခံပြီး သူ့ကို စွပ်စွဲဖမ်းဆီးတာ ဖြစ်တယ်လို့ ဂလပ်စ်က အဖမ်းမခံရခင် ဗီဒီယိုရိုက်ကူးပြီး အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)