ကယ္လီဖိုးနီးယားမွာ ေရငုပ္သမားေတြကို သယ္ပို႔တဲ့သေဘၤာ မီးေလာင္၊ ၂၅ ဦး ေသဆံုး

0
86

အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယား ကမ္း႐ိုးတန္းမွာ ေရငုပ္သမားေတြကို သယ္ပို႔တဲ့သေဘၤာ မီးေလာင္လို႔ လူ ၂၅ ဦး ေသဆံုးသြားေၾကာင္း အေမရိကန္ ကမ္းေျခေစာင့္တပ္က ေျပာပါတယ္။

လူ ကိုးေယာက္ကိုေတာ့ ေပ်ာက္ဆံုးစာရင္းထဲ ထည့္ထားပါတယ္။ အေလာင္း ၂၅ ေလာင္းကို ရွာေတြ႔ထားေပမယ့္ သေဘၤာရဲ႕ အေျခအေနက စိတ္ခ်ရမႈ မရွိတာေၾကာင့္ အေလာင္းေတြကို သယ္မထုတ္ႏိုင္ေသးေၾကာင္း ကမ္းေျခေစာင့္တပ္ ဒုတိယ တပ္မွဴး မက္သယူး ခေရာလ္က ေျပာပါတယ္။

ကြန္ဆက္ပ္ရွင္ အမည္ရွိ ၇၅ ေပ ရွည္ ေရငုပ္သမား ပို႔ေဆာင္ေရး သေဘၤာဟာ စက္တင္ဘာလ ၂ ရက္ေန႔၊ မနက္ ၃ နာရီမွာ ဆန္တာ ဘာဘရာ ကမ္းေျခကေန မိုင္ ၉၀ အကြာမွာ မီးေလာင္ခဲ့တာပါ။  

ကယ်လီဖိုးနီးယားမှာ ရေငုပ်သမားတွေကို သယ်ပို့တဲ့သင်္ဘော မီးလောင်၊ ၂၅ ဦး သေဆုံး


အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းမှာ ရေငုပ်သမားတွေကို သယ်ပို့တဲ့သင်္ဘော မီးလောင်လို့ လူ ၂၅ ဦး သေဆုံးသွားကြောင်း အမေရိကန် ကမ်းခြေစောင့်တပ်က ပြောပါတယ်။


လူ ကိုးယောက်ကိုတော့ ပျောက်ဆုံးစာရင်းထဲ ထည့်ထားပါတယ်။ အလောင်း ၂၅ လောင်းကို ရှာတွေ့ထားပေမယ့် သင်္ဘောရဲ့ အခြေအနေက စိတ်ချရမှု မရှိတာကြောင့် အလောင်းတွေကို သယ်မထုတ်နိုင်သေးကြောင်း ကမ်းခြေစောင့်တပ် ဒုတိယ တပ်မှူး မက်သယူး ခရောလ်က ပြောပါတယ်။


ကွန်ဆက်ပ်ရှင် အမည်ရှိ ၇၅ ပေ ရှည် ရေငုပ်သမား ပို့ဆောင်ရေး သင်္ဘောဟာ စက်တင်ဘာလ ၂ ရက်နေ့၊ မနက် ၃ နာရီမှာ ဆန်တာ ဘာဘရာ ကမ်းခြေကနေ မိုင် ၉၀ အကွာမှာ မီးလောင်ခဲ့တာပါ။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)