ဂ်ပန္အစိုးရအဖြဲ႔ အေျပာင္းအလဲ လုပ္မယ္

0
78

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇို အာေဘးဟာ အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးေတြကို လာမယ့္ သီတင္းပတ္အတြင္းမွာ အေျပာင္းအလဲလုပ္ဖို႔ ရည္မွန္းထားပါတယ္။

အစိုးရအဖြဲ႔နဲ႔ အာဏာရပါတီေတြနဲ႔ ပူးေပါင္းအစည္းအေဝးမွာ မစၥတာ အာေဘးက အဲဒီလို ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။ ဇူလိုင္လအတြင္းက ျပဳလုပ္ခဲ့တဲ့ အထက္လႊတ္ေတာ္ ေ႐ြးေကာက္ပြဲမွာ ထြက္ေပၚလာခဲ့တဲ့ လူထုရဲ႕ အားေကာင္းတဲ့ ေထာက္ခံမႈကို တုံ႔ျပန္မႈေပးမွာျဖစ္ေၾကာင္း၊ သူကတိေပးထားတဲ့ မူဝါဒတိုင္းကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမွာ ျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္ အာေဘးက ေျပာပါတယ္။

ႏိုင္ငံေရးအရ ဆက္ႏြယ္မႈနဲ႔ တည္ၿငိမ္မႈကို အေရးပါတဲ့ေနရာမွာ ဆက္လက္ထားရွိၿပီး စိန္ေခၚမႈေတြကို အသစ္တစ္ဖန္ တံု႔ျပန္မႈေတြနဲ႔ ရင္ဆိုင္သြားမယ္လို႔လည္း ေျပာပါတယ္။ ဝန္ႀကီးခ်ဳပ္ အာေဘးက ၫြန္႔ေပါင္းပါတီေတြမွာ အသက္အ႐ြယ္ အုပ္စုအလိုက္ အရည္အေသြး ျပည့္မီတဲ့သူေတြ အမ်ားအျပား ရွိတယ္ဆိုတာနဲ႔ အားေကာင္းတဲ့ ဝန္ႀကီးအဖြဲ႔ကို ဖြဲ႔စည္းဖို႔ ဂ႐ုတစိုက္စဥ္းစားသြားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဂျပန်အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်မယ်


ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို လာမယ့် သီတင်းပတ်အတွင်းမှာ အပြောင်းအလဲလုပ်ဖို့ ရည်မှန်းထားပါတယ်။ အစိုးရအဖွဲ့နဲ့ အာဏာရပါတီတွေနဲ့ ပူးပေါင်းအစည်းအဝေးမှာ မစ္စတာ အာဘေးက အဲဒီလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့တဲ့ အထက်လွှတ်တော် ရွေးကောက်ပွဲမှာ ထွက်ပေါ်လာခဲ့တဲ့ လူထုရဲ့ အားကောင်းတဲ့ ထောက်ခံမှုကို တုံ့ပြန်မှုပေးမှာဖြစ်ကြောင်း၊ သူကတိပေးထားတဲ့ မူဝါဒတိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် အာဘေးက ပြောပါတယ်
နိုင်ငံရေးအရ ဆက်နွယ်မှုနဲ့ တည်ငြိမ်မှုကို အရေးပါတဲ့နေရာမှာ ဆက်လက်ထားရှိပြီး စိန်ခေါ်မှုတွေကို အသစ်တစ်ဖန် တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်သွားမယ်လို့လည်း ပြောပါတယ်။

ဝန်ကြီးချုပ် အာဘေးက ညွန့်ပေါင်းပါတီတွေမှာ အသက်အရွယ် အုပ်စုအလိုက် အရည်အသွေး ပြည့်မီတဲ့သူတွေ အများအပြား ရှိတယ်ဆိုတာနဲ့ အားကောင်းတဲ့ ဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းဖို့ ဂရုတစိုက်စဉ်းစားသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)