ယာဥ္မေတာ္တဆမႈေၾကာင့္ ဒဏ္ရာအမ်ားအျပား ရသြားတဲ့ သ႐ုပ္ေဆာင္ ကီဗင္ဟတ္

0
94

အေမရိကန္ မင္းသား ကီဗင္ဟတ္ဟာ စက္တင္ဘာလ ၁ ရက္ေန႔ ညပိုင္းက ေလာ့စ္အိန္ဂ်လိစ္မွာ ယာဥ္မေတာ္တဆျဖစ္ခဲ့ၿပီး ဒဏ္ရာျပင္းထန္စြာ ရခဲ့တဲ့အတြက္ ေဆး႐ံုတင္ပို႔ထားရပါတယ္။ 

ယာဥ္ေမာင္းနဲ႔ ဟာသ သ႐ုပ္ေဆာင္လည္း ျဖစ္တဲ့ မင္းသား ကီဗင္ဟတ္အပါအဝင္ လိုက္ပါလာသူ သံုးဦးဟာ ဒဏ္ရာအမ်ားျပား ရရွိခဲ့ေၾကာင္း၊ ကားအရွိန္ မထိန္းႏိုင္ခဲ့တဲ့အတြက္ လမ္းေဘးေခ်ာက္ထဲကို ထိုးက်သြားခဲ့တာျဖစ္ေၾကာင္း အေမရိကန္ ရဲတပ္ဖြဲ႔က ေျပာပါတယ္။ 

ကီဗင္ဟတ္တို႔ ကားဟာ ေမာ္ဟိုးလန္း အျမန္လမ္းမွာ မေတာ္တဆမႈျဖစ္ခဲ့ၿပီး လမ္းေဘးရွိ အနက္ ၁၀ ေပရွိ ေခ်ာက္ထဲကို ကားထိုးက်သြားခဲ့တယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။ ကားေပၚလိုက္ပါလာသူ သံုးဦးစလံုးဟာ ကားထဲ ပိတ္မိေနလို႔ အျပင္ကို ဆြဲထုတ္ကာ ေဆး႐ံုတင္ပို႔ခဲ့ရတယ္လို႔ အေမရိကန္ ရဲတပ္ဖြဲ႔က ေျပာပါတယ္။

ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာအများအပြား ရသွားတဲ့ သရုပ်ဆောင် ကီဗင်ဟတ်


အမေရိကန် မင်းသား ကီဗင်ဟတ်ဟာ စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းက လော့စ်အိန်ဂျလိစ်မှာ ယာဉ်မတော်တဆဖြစ်ခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရခဲ့တဲ့အတွက် ဆေးရုံတင်ပို့ထားရပါတယ်။


ယာဉ်မောင်းနဲ့ ဟာသ သရုပ်ဆောင်လည်း ဖြစ်တဲ့ မင်းသား ကီဗင်ဟတ်အပါအဝင် လိုက်ပါလာသူ သုံးဦးဟာ ဒဏ်ရာအများပြား ရရှိခဲ့ကြောင်း၊ ကားအရှိန် မထိန်းနိုင်ခဲ့တဲ့အတွက် လမ်းဘေးချောက်ထဲကို ထိုးကျသွားခဲ့တာဖြစ်ကြောင်း အမေရိကန် ရဲတပ်ဖွဲ့က ပြောပါတယ်။


ကီဗင်ဟတ်တို့ ကားဟာ မော်ဟိုးလန်း အမြန်လမ်းမှာ မတော်တဆမှုဖြစ်ခဲ့ပြီး လမ်းဘေးရှိ အနက် ၁၀ ပေရှိ ချောက်ထဲကို ကားထိုးကျသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ကားပေါ်လိုက်ပါလာသူ သုံးဦးစလုံးဟာ ကားထဲ ပိတ်မိနေလို့ အပြင်ကို ဆွဲထုတ်ကာ ဆေးရုံတင်ပို့ခဲ့ရတယ်လို့ အမေရိကန် ရဲတပ်ဖွဲ့က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)