အမေရိကန် ပြည်ထောင်စုမှာ နှစ် ၅၀ အတွင်း စစ်တပ်ခေါ်ပြီး ထိန်းရမလိုဖြစ်နေတဲ့ ဆန္ဒပြ၊ အကြမ်းဖက်၊ လုယက်၊ ရမ်းကားမှုတွေဖြစ်ပေါ်နေပါတယ်။ မြို့ကြီး ၄၀ လောက်မှာ ညမထွက်ရအမိန့် ကာဖျူးထုတ်တာလည်း ဂရုစိုက်ကြတာ များပါတယ်။
အာဖရိကန်-အမေရိကန် ဖြစ်သူ ဂျော့ဂျ် ဖလွိုက်ကို ရဲဖြစ်သူ ဒဲရက် ရှိုဗင်က လက်ထိပ်ခတ်ကာ လည်ပင်းကို ဒူးနဲ့ ဖိထားရာကနေ အသက်ရှုရပ်ပြီး ဆေးရုံအရောက်မှာ သေဆုံးခဲ့ပါတယ်။ ဒီလို လုပ်နေတာကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်က အွန်လိုင်းပေါ် ရောက်သွားတဲ့အခါ အမေရိကန် အနှံ့အပြားသာမက တစ်ကမ္ဘာလုံးမှာပါ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကလည်း ဖြစ်နေစဉ်မှာ ခပ်ခွာခွာနေဖို့၊ လူစုလူဝေး မလုပ်ဖို့၊ နှာခေါင်းစည်းတပ်ဖို့တွေကို မလိုက်နာကြတော့တဲ့ ဆန္ဒပြပွဲတွေအပြင် အမေရိကန်မှာဆိုရင် စတိုးဆိုင်တွေ၊ အရောင်းဆိုင်တွေကို ထွင်းဖောက် လုယက်ကြတာတွေအထိ ဖြစ်ပေါ်ခဲ့ပါတယ်။
အခု ကမျဘာတဝနြးက လူမွိုးရေး ခှဲခှားမှု ဆန့ကြငွတြဲ့ ဆနျဒပှပှဲ ဓာတပြုံတှကေို စုစညြး ဖောပြှလိုကပြါတယြ။













