အိုင်ယာလန်ရဲ့ ပထမဆုံး လိင်တူချစ်သူဝန်ကြီးချုပ် လီယိုဗာရာကာရ် ဖြစ်လာ

0
302

ဖိုင်းဂဲလ်ပါတီရဲ့ခေါင်းဆောင်မှုကို ရယူနိုင်ခဲ့ပြီးနောက်မှာ လီယိုဗရာကာရ်ဟာ အိုင်ယာလန် ရီပတ်ဘလစ်ရဲ့ ပထမဆုံး လိင်တူချစ်သူ ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် လီယိုဗရာကာရ်ဟာ တိုင်းပြည်ရဲ့အသက်အငယ်ဆုံး ခေါင်းဆောင်တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။
ဖိုင်းဂဲလ်ပါတီကို ဦးဆောင်မှုပေးဖို့အတွက် ပြိုင်ဘက်ဖြစ်သူ အိုးအိမ်ဝန်ကြီးဆိုင်မွန်ကိုဗန်နေးနဲ့ ယှဉ်ပြိုင်မဲခွဲရာမှာ လီယိုက ၆၀ ရာခိုင်နူန်း ထောက်ခံမဲနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

လာမယ့် ရက်သတ္တပတ်အတွင်းမှာ လီယိုဗရာကာရ်ဟာ လက်ယာယိမ်းပါတီရဲ့ခေါင်းဆောင်အဖြစ် အန်ဒါကင်နီရဲ့နေရာကို ဆက်ခံတော့မှာဖြစ်ပါတယ်။
လီယိုဟာ အိုင်ယာလန်သူနာပြုတစ်ဦးနဲ့ အိန္ဒိယကလာတဲ့ဒေါက်တာတစ်ဦးတို့ရဲ့ သားဖြစ်ပါတယ်။

အခုလိုအနိုင်ရအောင်ပွဲခံချိန် မှာ မီဒီယာဌာနတွေက မစ္စတာလီယိုရဲ့ဘ၀နောက်ခံအကြောင်း၊ အသက်နဲ့ လိင်ပိုင်းဆိုင်ရာအကြောင်းကိုပဲ အဓိကအာရုံစိုက်ပြီး ဖော်ပြနေကြပါတယ်။

မြောက်အိုင်ယာလန် ပထမ၀န်ကြီးဟောင်း အားရိန်းဖော်စတာက ဖုန်းဆက်သွယ်ပြီး မစ္စတာလီယိုကို ဂုဏ်ယူကြောင်း ပြောဆိုခဲ့ပါ တယ်။ ဗြိတိသျှသီရေဆာမေကလည်း မစ္စတာလီယိုကို ဂုဏ်ပြုစာပေးပို့ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)