အကြမ်းဖက်မယ့် အန္တရာယ်ကြောင့် ဂျာမန်ရော့ခ်ပွဲတော် ဘေးကင်းရာ ရွှေ့ပြောင်း

0
242

ဂျာမနီနိုင်ငံရဲ့အကြီးမားဆုံး ဂီတပွဲတော်တွေထဲကတစ်ခုမှာ အကြမ်းဖက်မယ့် အန္တရာယ် ရှိနေခဲ့တာကြောင့် သောကြာနေ့က ဘေး ကင်းရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သုံးရက်ကြာကျင်းပမယ့် အဆိုပါဂီတပွဲကို လာရောက်တဲ့ပရိတ်သတ်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရွှေ့ပြောင်းခြင်းဖြင့် ရဲတပ်ဖွဲ့ရဲ့စုံစမ်းဖော်ထုတ်မှုကို ကူညီပေးကြပါလို့ မေတ္တာရပ်ခံခဲ့ပါတယ်။ အဆိုပါဂီတပွဲကို ဒီကနေ့ ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း သိရှိရပါတယ်။

နှစ်စဉ် သုံးရက်ကြာကျင်းပမြဲဖြစ်တဲ့ ရော့ခ်အမ်ရင်းပွဲတော်ကို နျူးဘတ်ဂ်မြို့က နာမည်ကျော်နျူဘာရင်းအားကစားရုံမှာ မနက်ဖြန် ဇွန်လ ၄ ရက်နေ့အထိ ကျင်းပဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ပွဲမှာ မိုးကြိုးမုန်တိုင်းကျခဲ့တာကြောင့် ဒါဇင်နဲ့ချီတဲ့သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ဘာလင်မြို့က ခရစ္စမတ်ဈေးတန်းမှာ ဂျီဟတ်သမားတစ်ဦးရဲ့ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ချိန်ကစတင်ပြီး ဂျာမနီနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး နိုးနိုးကြားကြား ဖြစ်နေရပါတယ်။

အဆိုပါဒီဇင်ဘာအကြမ်းဖက်မှုကို တူနီးရှားနိုင်ငံသား အန်းနစ်အမ်ရီ ၂၄ နှစ်က ကျုးလွန်ခဲ့တာဖြစ်ပြီး ကုန်တင်ကားတစ်စီးကို အနုကြမ်းစီးပြီး ပိုလန်ယာဉ်မောင်းကို သတ်ဖြတ်ခဲ့ပြီးနောက်မှာ လူစည်ကားတဲ့ ခရစ္စမတ်ဈေးတန်းထဲ ဒလကြမ်း မောင်းဝင်ခဲ့တာကြောင့် လူ ၁၁ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီတဲ့သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)