ကမ္ဘာဒီယားနိုင်ငံက အသက်၃၀အရွယ် လယ်သမားတစ်ဦး အသေးစားလေယာဉ်တီထွင်နိုင်ခဲ့

0
297

ကမ္ဘာဒီးယား နိုင်ငံအရှေ့တောင်ပိုင်း က ကျေးလက်ရွာကလေးမှာနေထိုင်တဲ့  Mr Long လို့ အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ အသေးစားဂျက်လေယာဉ်တစ်စင်းကို တစ်ယောက်တည်း တီထွင်ပျံသန်းပြသခဲ့ပါတယ်။

Mr Longဟာ  ကလေး ၆  ယောက် အဖေလယ်သမားတစ်ဦးဖြစ်ပြီး  သူ ၆ နှစ်သားအရွယ် ရဟတ်ယာဉ် ကိုစ မြင်ဖူးကာစတုန်းက ငါ့လည်း ကိုယ်ပိုင်လေယာဉ်တီထွင်နိုင်ရမည်လို့ စိတ်ကူးထဲမှာ တွေးခဲ့ဖူးကြောင်းနဲ့ အခုလက်ရှိစမ်းသပ်မှု မှာ မီတာ ၅၀ အထက်ကို ပျံသန်းနိုင်ခဲ့ကြောင်းပြောပါတယ်။

သူဟာအခုဆိုရင် အသက် ၃၀ ရှိနေပြီဖြစ်ပြီး  သူကလေးဘ၀ ဖြစ်ချင်တဲ့ စိတ်ကူး စိတ်သန်းကို ပြုလုပ်ဖို့ သူမှာငွေကြေးအလုံအလောက်လည်း ရှိလာခဲ့ပါပြီ။  လေယာဉ်စပြီးတည်ဆောက်နေချိန် မှာ တခြား လူတွေ လှောင်ပြောင်မှာ ကို စိုးရိမ်ခဲ့တဲ့အတွက်ကြောင့်  ညဘက်မှသာစတင်လုပ်ကိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

သူရဲ့ လေယာဉ်ဒီဇိုင်းကို ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ဂျပန်တို့အသုံးပြုခဲ့တဲ့ လေယာဉ်ပုံစံအတိုင်း အခြေခံ ဖန်တီးခဲ့ပြီး  တောင်ပံ တစ်ချပ်စီဟာ ၅.၅ မီတာရှိကြောင်းနဲ့ အဲ့ဒီယာဉ်တစ်ခုလုံးကို  ပြန်လည်အသုံး ပြုလို့ရတဲ့ ပစ္စည်းအဟောင်းတွေသာ အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။

လေယာဉ်မောင်းသူရဲ့ ခုံကို ပလပ်စတစ် ထိုင်ခုံတပ်ဆင်ထားပြီး လေယာဉ်ကိုထိန်းချုပ်ဖို့အတွက် ကား Dashboard ကို အသုံးပြုထားကြောင်းနဲ့ ယာဉ်ရဲ့ body ကို ဓါတ်ငွေ့တင်ဆောင်တဲ့ container အဟောင်း တွေကို အသုံးပြု ဖန်တီးထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)