မြောက်ကိုရီးယားစစ်ရေးအပေါ် ငွေကြေးထောက်ပံ့တဲ့ ကုမ္ပဏီတွေနဲ့အစိုးရ အရာရှိ ၁၄ ဦးအပေါ် ကုလ ပိတ်ဆို့အရေးယူပြီ

0
233

မြောက်ကိုရီးယားက နာမည်ကြီး ကုမ္ပဏီ ၄ခုနဲ့ အစိုးရ အရာရှိ ၁၄ ဦးကို  ကုလသမဂ္ဂလုံခြုံရေးကောင်စီက ခရီးသွားလာခွင့်  ပိတ်ပင်လိုက်ပါတယ်။

ပိတ်ပင် ရတဲ့အကြောင်းကတော့ မြောက်ကိုရီးယားအစိုးရအတွက် နိုင်ငံခြားစုံစမ်းထောက်လှမ်းမှုတွေမှာ ပါဝင်နေလို့ပဲဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံကြားစေ့စပ်ညှိနှိုင်းမှုပြီးတဲ့နောက် လုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားအပေါ်ဒဏ် ခတ် ပိတ်ပင်မှုကို ထောက်ခံအားပေးခဲ့ကြပါတယ်။

ကုလသမဂ္ဂအနေနဲ့ နျူကလီးယားလက်နက် စမ်းသပ်မှုနဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ရပ်တန့်ဖို့ မြောက်ကိုရီးယားအစိုးရကအပေါ် ဖိအားပေးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တပတ်ကလည်း မြောက်ကိုရီးယားစစ်ရေးကိစ္စတွေအတွက် ငွေကြေးထောက်ပံ့နေတဲ့  ကုမ္ပဏီကို ဦးဆောင်သူတွေနဲ့ မြောက်ကိုရီးယား အလုပ်သမားပါတီက အရာရှိတွေကို အမေရိကန်ဘက် နာမည်ပျက် စာရင်းသွင်းခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် စမ်းသမ်မှုနဲ့ ဒုံးကျည်ပစ်လွှတ်မှု ရပ်တန့်သွားစေဖို တရုတ်အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)