ဆီးရီးယား အပစ်အခတ်ရပ်စဲရေး ဖိအားပေး ဆောင်ရွက်ဖို့ ရုရှား-အမေရိကန် သဘောတူ

0
276

ဆီးရီးယားနိုင်ငံမှာ ခြောက်နှစ်ကျော်ကြာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကို အပစ်အခတ် ရပ်စဲရေးအတွက် ဖိအားပေးလုပ်ဆောင်ကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်နဲ့ ရုရှားသမ္မတဗလာဒီမာပူတင်တို့ သဘောတူညီချက်ရရှိပြီ ဖြစ်ပါတယ်။

ဆီးရီးယားလေကြောင်းအခြေစိုက် စခန်းတစ်ခုကို ဒုံးကျည်နဲ့ပစ်ခတ်ပြီး တစ်လနီးပါးအကြာမှာ ထရန့်နဲ့ပူတင်တို့ ပထမဆုံးအကြိမ် ဖုန်းအဆက်အသွယ် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

သူတို့ရဲ့ပြောဆိုဆွေးနွေးမှုက အပြုသဘောဆောင်ခဲ့ကြောင်း အိမ်ဖြူတော်နဲ့ ကရင်မလင်နန်းတော်တို့က ထုတ်ပြန်ခဲ့ကြပါတယ်။
နှစ်နိုင်ငံသမ္မတတို့ဟာ ဆီးရီးယားအရေးအပြင် မြောက်ကိုရီးယားအရေး အပါအ၀င် အခြားပြဿနာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က ခမ်ရှိတ်ဟွန်မြို့မှာ လူပေါင်း ၈၀ ခန့်သေဆုံးခဲ့ရတဲ့ ဓာတုလက်နက်တိုက်ခိုက်မှုကို ဆီးရီးယားအစိုးရက လုပ်ဆောင်ခဲ့ပြီး နောက်မှာ ခရုဇ်ဒုံးကျည်တွေနဲ့ သမ္မတအာဆတ်ရဲ့လေကြောင်းအခြေစိုက်စခန်းကို ပစ်ခတ်ဖို့ သမ္မတထရန့်က အမိန့်ပေးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)