အဖမ်းခံရတဲ့ ပါလက်စတိုင်း ဂျာနယ်လစ် ၂၆ ဦး အစာငတ်ခံဆန္ဒပြ

0
271

အစ္စရေးအုပ်ချုပ်တဲ့ ပါလက်စတိုင်းမှာ ဖမ်းဆီးခံ ဂျာနယ်လစ်တွေ အကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြဖို့ ကြိုးစားနေကြတာပါ။

 

၂၀၁၆  ခုနှစ်အတွင်း   အစ္စရေးအာဏာပိုင်တွေရဲ့   ရုပ်ပိုင်းဆိုင်ရာ  နှိပ်စက်ညှင်းပမ်းမှုခံရတဲ့   ပါလက်စတိုင်း ဂျာနယ်လစ်   ၅၀၀   ကျော်လောက်ရှိတယ်လို့  ပါလက်စတိုင်း ဂျာနယ်လစ် ဆင်ဒီကိတ်က ပြောပါတယ်။

အစ္စရေးထိန်းချုပ်တဲ့   ပါလက်စတိုင်းမှာ    ပါလက်စတိုင်း ဂျာနယ်လစ် တွေရဲ့ ရုံးတွေ ကိုဝင်ရောက်စီး နင်းတာ တွေနဲ့ ဂျာနယ်လစ်တွေဟာ မကြာခဏ  ဖမ်းဆီးတာကိုခံနေရပါတယ် ။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး   မော်စကို မှာ ကျင်းပတဲ့  နိုင်ငံတကာ ဂျာနယ်လစ်အဖွဲ့ချုပ်  (IFJ)  တွေ့ဆုံ   ဆွေးနွေးပွဲမှာ အမှုဆောင်     ကော်မတီ အနေနဲ့ ဖြေရှင်း ပေးဖို့ ဆင်ဒီကိတ်ရဲ့  ဥက္ကဌ နာဆာ အဘူလ် ဘိတ်ကာ က တောင်းဆိုလိုက်ပါတယ်။

လက်ရှိအခြေအနေမှာ  ပါလက်စတိုင်း အကျဉ်းထောင်အတွင်း  ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နှိပ်စက်ခံနေရတဲ့ ဂျာနယ်လစ် ၂၆ ဦး နဲ့  တခြားပါလက်တိုင်းအကျဉ်သား  ၁၆၀၀  ကျော် ကပါ ဧပြီလ ၁၇ ရက်နေ့ အထိ  အစုလိုက်အပြုံလိုက် အစာငတ်ခံ ဆန္ဒပြဖို့ ပြုလုပ်နေကြပါတယ်။

အဲ့ဒီအကျဉ်းသား တွေဟာ သူတို့ရဲ့နေထိုင်မှုအခြေအနေ တိုးတက်မြှင့်မားလာဖို့၊ တိုက်ပိတ်ခံရမှု အဆုံးသတ်ဖို့နဲ့ အုပ်ချုပ်ထိန်းသိမ်းရေး မူဝါဒတွေကို  ပြင်ဆင်ပေးဖို့ တောင်းဆိုနေကြတာပဲဖြစ်ပါတယ်။ ( IFJ) ဂျာနယ်လစ် အဖွဲ့ချုပ်ရုံးကတော့ ရုံးတင်စစ်ဆေးခြင်းမရှိတဲ့  လအတော်ကြာဖမ်းချုပ်ထားတဲ့ ဂျာနယ်လစ်တွေကို  လွှတ်ပေးဖို့ အစ္စရေးအစိုးရကို တောင်းဆိုလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)