ကဘူးလ်မြို့မှာ နေတိုးယာဉ်တန်း တိုက်ခိုက်ခံရမှု ၈ ဦးသေဆုံး

0
289

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့မှာ နေတိုးယာဉ်တန်းကို အသေခံတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ပါတယ်။
သေဆုံးသူအများစုဟာ အရပ်သားတွေဖြစ်ပါတယ်။

အမေရိကန်အရပ်ဖက် ၀န်ထမ်း ၃ ဦး အပါအ၀င် အခြား လူ ၂၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

အမေရိကန် သံရုံးအနီးမှာ မနက်ပိုင်းလူစည်ကားချိန် အဆိုပါ အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဘယ်အကြမ်းဖက် အဖွဲ့ကမှ သူတို့ရဲ့ လက်ချက်ဖြစ်ကြောင်း ပြောဆိုမှု မရှိသေးဘူးလို့ သိရပါတယ်။

နိုင်ငံခြားတပ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မယ်လို့ တာလီဘန်တွေက ပြောဆိုခဲ့ပြီး နောက်မှာ အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် ယာဉ်တန်းထဲက ကားနှစ်စီး လုံးဝနီးပါး ပျက်စီးသွားခဲ့ပြီး အနီးဝန်းကျင်က အခြားကာအးတော်များများလည်း ထိခိုက်ပျက်စီးသွားခဲ့ ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)