Red Bull လုပ်ငန်း အမွေဆက်ခံသူ စင်ကာပူမှာ ဝရမ်းပြေးအဖြစ် တိမ်းရှောင်နေ

0
292

 

ကားနဲ့ တိုက်မိပြီး ရဲအရာရှိတစ်ဦး သေဆုံးမှုနဲ့ အလိုရှိနေတဲ့ Red Bull အားဖြည့်အချိုရည် လုပ်ငန်းကြီးရဲ့ အမွေဆက်ခံသူ ဗိုရာယု ယူးဗီဒယာဟာ စင်ကာပူမှာ တိမ်းရှောင်နေတယ် ထိုင်းရဲတွေက ပြောပါတယ်။

သူ့ကို ဖမ်းဝရမ်း ထုတ်တဲ့ မေလ ၂ ရက်နေ့ မတိုင်ခင်ကတည်းက ထိုင်းကနေ စင်ကာပူကို ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

မစ္စတာ ဗိုရာယုဟာ ၂၀၁၂ မှာ သူ့ရဲ့ ပြိုင်ကားနဲ့ ရဲအရာရှိ စီးလာတဲ့ ဆိုင်ကယ်ကို တိုက်မိပြီး ရဲအရာရှိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ကားကို ခြေရာခံလိုက်ရာမှာ သူဟာ အမူးလွန်နေတာကို တွေ့ခဲ့ရပါတယ်။

Red Bull အားဖြည့် အချိုရည် လုပ်ငန်းရှင် သူဌေးကြီးရဲ့ မြေးဖြစ်သူ ဗိုရာယုဟာ ရုံးချိန်းတွေကို တစ်ခါမှ လာရောက်ခြင်းလည်း မရှိပါဘူး။

မကြာသေးမီက သူ့အမှုကိစ္စနဲ့ ပတ်သက်လို့ တရားဥပဒေ စိုးမိုးမှုကို မေးခွန်းထုတ်ပြီး မီဒီယာတွေက ပြန်လည် ရေးသားလာတော့မှ ဖမ်းဝရမ်း ထုတ်တာ ဖြစ်ပါတယ်။

စင်ကာပူဟာ ထိုင်းနဲ့ နိုင်ငံဖြတ်ကျော် ကိစ္စတွေမှာ မကြာခဏ ပူးပေါင်းဆောင်ရွက်လေ့ ရှိပေမယ့် ဝရမ်းထုတ်ခံရသူကို ဖမ်းဆီးပေးဖို့အထိ သဘောတူထားတာမျိုးတွေ မရှိပါဘူး။

ဗိုရာယုဟာ ရုံးချိန်းဆင့်ခေါ်တိုင်း အလုပ်ကိစ္စနဲ့ ပြည်ပကို သွားနေတယ်လို့ချည်းပဲ ရှေ့နေကတဆင့် အကြောင်းပြပါတယ်။

ဗိုရာယုဟာ ဧပြီလ ၂၅ ရက်နေ့ကတည်း ထိုင်းကနေ ထွက်ခွာသွားတာဖြစ်ပြီး သူထွက်ခွာချိန်မှာ ဝရမ်းမထုတ်ရသေးလို့ သူ့ကို တားဆီးနိုင်ခြင်း မရှိပါဘူး။ ဗိုရာယုအမှုဟာ ထိုင်းမှာ တနိုင်ငံလုံးက စိတ်ဝင်စားတဲ့ အမှုအခင်းတစ်ခု ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)