ရွှေ့ပြောင်းဝင်ရောက်သူမှာ ဗိုင်းရပ်စ်တွေ့လို့ ဂရိက ဒုက္ခသည်စခန်းကို ပိတ်ထား

0
136

ပြီးခဲ့တဲ့ သီတင်းပတ်က ဂရိနိုင်ငံ၊ အေသင်ဆေးရုံမှာ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး ကလေးမွေးဖွားပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဂရိနိုင်ငံတစ်လွှား လူတွေ ပြည့်ကြပ်နေတဲ့ ဒုက္ခသည်စခန်းတွေ ရှိတဲ့အနက် အခုလို ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိမှုဟာ ပထမဆုံး အကြိမ်ပါ။ လက်ရှိ ခိုလှုံခွင့်တောင်းသူတွေကို စစ်ဆေးနေသမျှထဲမှာ ဗိုင်းရပ်စ်ကူးစက်မှု ရောဂါလက္ခဏာပြသူကို မတွေ့ရသေးပေမယ့် စစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ ဂရိ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အခု ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရသူဟာ တူရကီနိုင်ငံမှာ လှေနဲ့ ကမ်းကပ်ပြီးနောက် ဂရိနိုင်ငံကို ရောက်ရှိလာသူပါ။ ဂရိနိုင်ငံမှာ ဖေဖော်ဝါရီလကစလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတင်တွေ့ရှိခဲ့ပါတယ်။ လက်ရှိ ဂရိနိုင်ငံမှာ COVID-19 ရောဂါ ဖြစ်ပွားသူ ၁၅၄၄ ဦး ရှိပြီး သေဆုံးသူကတော့ ၅၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)