ဘာသာရေးကြောင့် ဖမ်းထားသူတွေကို လွှတ်ပေးဖို့ အမေရိကန်က မြောက်ကိုရီးယားကို တိုက်တွန်း

0
120

ဖမ်းဆီးအကျဉ်းချထားတဲ့ ထောင်နဲ့ချီတဲ့ ဘာသာရေးဆိုင်ရာ အကျဉ်းသားတွေကို လွှတ်ပေးဖို့ COVID-19 ရောဂါ ဖြစ်နေစဉ်ကာလအတွင်း အမေရိကန်က မြောက်ကိုရီးယားကို တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် သံတမန် ဆမ် ဘရောင်းဘက်ခ်က တယ်လီကွန်ဖရင့်ကနေ တစ်ဆင့် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ အထူးသဖြင့် ဘာသာရေးကို နှိပ်ကွပ်တဲ့ နိုင်ငံက အာဏာပိုင်တွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း အခုလို လွှတ်ပေးဖို့ ပိုအရေးကြီးကြောင်း သံအမတ်က ပြောပါတယ်။

ဘာသာရေးဆိုင်ရာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူ အများအပြားရှိတဲ့ နိုင်ငံတွေက တရုတ်၊ အင်ဒိုနီးရှား၊ အီရန်၊ အီရီထရီးယား၊ မြောက်ကိုရီးယား၊ ရုရှားနဲ့ ဗီယက်နမ်တို့ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ မြောက်ကိုရီးယားမှာ ဘာသာရေးကြောင့် အကျဉ်းချခံရသူ အများအပြားရှိနေပြီး ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ များတယ်လို့ သံအမတ်က ပြောပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)