ထရမ့် အခုရက်ပိုင်းအတွင်း သမ္မတ ရှီကျင်းပင်နဲ့ သွားရောက် ဆွေးနွေးမယ်

0
321

ယခုရက် သတ္တပတ်အတွင်း သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်နိုင်ငံ သမ္မတရှီကျင်းပင် နဲ့ ဆွေးနွေးမှု သွားရောက်ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

တရုတ်အစိုးရရဲ့ပူးပေါင်းပါဝင်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အမေရိကန်အနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက် ခြိမ်းခြောက်မှုကို ဖြေရှင်းသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်က ပြောကြားလိုက်ပါတယ်။

“ တရုတ်အစိုးရက မြောက်ကိုရီးယားနိုင်ငံအပေါ်မှာ လွှမ်းမိုးမှုကြီးမားပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားအရေးမှာ တရုတ်အ နေနဲ့ အမေရိကန်ကို ပူးပေါင်းကူညီမလား။ မကူညီဘူးလားဆိုတာ ဆုံးဖြတ်ရပါလိမ့်မယ်။ ကူညီမယ်ဆိုရင် တရုတ်အစိုးရအတွက် ကောင်းပါတယ်။ မကူညီဘူးဆိုရင်တော့ ဘယ်သူ့အတွက်မှ ကောင်းမွန်တဲ့ရလဒ်ဖြစ်မယ်မထင်ပါဘူး” လို့ သမ္မတထရန့်က ပြော ကြားခဲ့တာဖြစ်ပါတယ်။

တကယ်တော့ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့တခုတည်းသော နိုင်ငံတကာမဟာမိတ်နိုင်ငံပါ။ အခုနောက်ဆုံးပြုလုပ်ခဲ့တဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် တရုတ်နိုင်ငံက မြောက်ကိုရီးယားအပေါ် အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ အတွင်းက ထုတ်ပြန်ကြေငြာချက်အရ မြောက်ကိုရီးယားက တင်ပို့တဲ့ကျောက်မီးသွေးတွေကို ၂၀၁၇ နှစ်အကုန်အထိ တရုတ်နိုင်ငံ က လက်သင့်မခံတော့ဘူးလို့ သိရှိရပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ မြောက်ကိုရီးယားအစိုးရရဲ့ ၀င်ငွေကို သိသိသာသာထိခိုက် သွားစေနိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)