ဧပရယ်ဖူးလ်နေ့မှာ ကမ္ဘာကို ကြယ်တံခွန်တစ်စင်း ဖြတ်သန်း

0
235

နှစ်ပေါင်း တစ်ရာနီးပါး ရှာဖွေသတ်မှတ်ခဲ့ရတဲ့ ကြယ်တံခွန်တစ်စင်းဖြစ်တဲ့ ဂီကိုဘီနီဟာ (the Comet 41P/Tuttle-Giacobini-Kresák) ပြီးခဲ့တဲ့ ဧပြီလ (၁)ရက်နေ့ (ဧပရယ်ဖူးလ်နေ့)မှာ ကမ္ဘာကနေ မိုင်ပေါင်း ၁၃ သန်းအကွာကနေ ဖြတ်သန်းသွားခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါကြယ်တံခွန် ဂီကိုဘီနီဟာ လွန်ခဲ့တဲ့ ၁၉၀၇ ခုနှစ်ကတကြိမ် ကမ္ဘာမြေအနီးကနေ ဖြတ်သန်းသွားခဲ့ကြောင်း နာဆာရဲ့ဖော်ပြ ချက်အရ သိရှိထားပါ တယ်။

အဆိုပါကြယ်တံခွန်ကို သိပ္ပံသင်္ကေတအနေနဲ့ ကြယ်တံခွန်-41P လို့ အမည်ပေးထားပြီး လာမယ့် ၁၂ ရက်နေ့မှာ နေနဲ့အနီးဆုံးကို နီးကပ်သွားလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

အဆိုပါကြယ်တံခွန် အမျိုးအစားဟာ ဂျုပီတာကြယ်တံခွန် အမျိုးအစားမှာပါဝင်ပြီး နေကို တစ်ပတ်ပတ်ဖို့အတွက် ၅.၄ နှစ်အချိန်ယူကြောင်း နာဆာအဖွဲ့ရဲ့ ဖော်ပြချက်အရသိရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)