ဗြိတိန်ပြည်သူ သန်း ၂၀ကျော် ကိုယ်လက်လှုပ်ရှားမှု မရှိ

0
322

ဗြိတိန်ပြည်သူ သန်း ၂၀ကျော်ဟာ ကိုယ်လက်လှုပ်ရှားမှုမရှိကြောင်း ဗြိတိန်နှလုံးဖောင်ဒေးရှင်းအဖွဲ့က ဖော်ပြပါတယ်။

အဲဒီလို ကိုယ်လက်လှုပ်ရှားမရှိတာကြောင့် နှလုံးရောဂါရနိုင်ခြေပိုများလာပြီး နိုင်ငံရဲ့ကျန်းမာရေးကဏ္ဍမှာ နှစ်စဉ် ပေါင် ၁.၂ဘီလျံပိုပြီး သုံးစွဲနေရကြောင်း အဆိုပါပရဟိတအဖွဲ့က တွက်ချက်ပြခဲ့ပါတယ်။

အမျိုးသားတွေနဲ့နှိုင်းယှဉ်မယ် ဆိုရင် အမျိုးသမီး၃၆ရာခိုင်နူန်းဟာ ကိုယ်လက်လှုပ်ရှားမှု ပိုမိုနည်းပါးနေကြကြောင်း လည်းသိရှိရပါ တယ်။

ဖော်ပြပါရာခိုင်နူန်းအရ အမျိုးသမီးပေါင်း ၁၁.၈သန်းရဲ့ ၃၆ရာခိုင်နူန်းဟာ ကိုယ်လက်လှုပ်ရှားမှုနည်းပါးလွန်းနေပြီး နှလုံး ရောဂါဖြစ်နိုင်ခြေမှာ အမျိုးသာတွေထက် ပိုများနေတဲ့သဘောဖြစ်ပါတယ်။

ရက်သတ္တပတ်တပတ်အတွင်းမှာ ကိုယ်လက်လှုပ်ရှားမှု မိနစ် ၁၅၀မပြည့်သူတွေကို တွက်ချက် ပြီးဖော်ပြခဲ့တဲ့ ကိန်းဂဏန်းပဲဖြစ်ပါတယ်။

ဥပမာအားဖြင့် နေအိမ်မှရုံးသို့ ကားဖြင့်သွားပြီး အလုပ်စားပွဲမှာ ၁၀နာရီကြာထိုင်အလုပ်လုပ်ကိုင်ခြင်းမျိုးကို နေ့စဉ်ရက်ဆက်ပြုလုပ်နေပါက ကိုယ်လက်လှုပ်ရှားမှုစာရင်းဝင်ဖြစ် သွားမှာဖြစ်ပါတယ်။

ဗြိတိန်သုတေသနအဖွဲ့တစ်ဖွဲ့ရဲ့စစ်တမ်းအရ ဗြိတိန်နိုင်ငံမှာ ပျဉ်းပြအမျိုးသားတစ်ဦးဟာ သူ့ဘ၀တစ်သက်တာရဲ့ ငါးပုံတစ်ပုံရှိမယ့် အချိန်ကာလကို ထိုင်ပြီးဖြတ်သန်းခဲ့ကြတာကို တွေ့ရှိခဲ့ရပါတယ်။

ရက်အားဖြင့် တစ်နှစ်မှာ ၇၈ရက်ထိုင်နေတဲ့သဘောဖြစ်နေပါ တယ်။ အမျိုးသမီးတွေက တစ်နှစ်မှာ ၇၄ရက်ထိုင်ပြီးအချိန်ကုန်ဆုံးနေခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)