သမ္မတ ဒေါ်နယ်ထရမ့် သားမက် အီရတ်ကို ရောက်ရှိ

0
259

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ သားမက်လည်း ဖြစ်၊ အကြီးတန်း အကြံပေးလည်း ဖြစ်တဲ့ ဂျရက် ခက်ရှ်နာဟာ အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ် ဥက္ကဋ္ဌနဲ့ အတူ အီရတ်ကို ရောက်ရှိနေတယ်လို့ မနေ့က မတ်လ ၂ ရက်နေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဖ် ဒန်းဖို့ဒ်နဲ့ အတူ သွားရောက်တဲ့ ခရီးစဉ် အသေးစိတ်ကိုတော့ မသိရှိရပါဘူး။

အကြီးတန်း အရာရှိတစ်ဦးကတော့ ခက်ရှ်နာဟာ အီရတ်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို ကိုယ်တိုင် မြင်လိုပြီး အီရတ်အစိုးရကို အားပေးထောက်ခံကြောင်း ပြသဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ခက်ရှ်နာဟာ နောက်ကွယ်ကနေ အရှေ့အလယ်ပိုင်း၊ ကနေဒါနဲ့ မက်က္ကဆီကို အရေးတွေကို သံတမန်ရေးဆိုင်ရာ အကြံပေးနေတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ခက်ရှ်နာဟာ ထရမ့်ရဲ့ အကြီးဆုံးသမီး အီဗန်ကာရဲ့ ခင်ပွန်းဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သမ္မတ ထရမ့်တို့ တွေ့ဆုံရေးကိုလည်း အဓိက စီစဉ်သူ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)