တရားမ၀င် ငါးဖမ်းသင်္ဘော ၈၁ စီးကိုအင်ဒိုနီးရှား ဖျက်ဆီး

0
255

အင်ဒိုနီးရှားနိုင်ငံက တာဝန်ရှိသူတွေဟာ နိုင်ငံရဲ့ရေပိုင်နက်ထဲမှာတရားမ၀င် ၀င်ရောက်ခဲ့တဲ့ ငါးဖမ်းသင်္ဘော ၈၁ စီးကို ဧပြီလ ၂ ရက်နေ့က ဖျက်ဆီးပစ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကတာဝန်ရှိသူတွေဟာ အဲဒီသင်္ဘောတွေကို နေရာပေါင်း ၁၂ နေရာမှာဖက်ဆီးခဲ့တာဖြစ်ပါတယ်။

တရားမ၀င်သင်္ဘောတွေကိုအများဆုံးဖျက်ဆီးခဲ့တဲ့နေရာကတော့ တောင်တရုတ်ပင်လယ် အစွန်းကနာတူနာ လို့ခေါ်တဲ့နေရာမှာဖြစ်ပြီး တရားမ၀င်ငါးဖမ်းသင်္ဘောပေါင်း ၂၆ စီးကို ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ကျွန်းအများဆုံးပိုင်ဆိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၁၄ ခုနှစ်က သမ္မတ ဂျိုကိုဝီ ၀ီဒိုဒို သမ္မတဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်ငါးဖမ်းတဲ့ သင်္ဘောတွေကိုကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်ခဲ့ပါတယ်။

သမ္မတ ၀ီဒိုဒိုလက်ထက်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ရေပိုင်နက်အတွင်း ၀င်ရောက်ခဲ့တဲ့ တရားမ၀င် ငါးဖမ်းသင်္ဘောပေါင်း ၃၁၇ စီးကိုဖျက်ဆီးခဲ့ပြီးပြီဖြစ်ပါတယ်။

တရားမ၀င်ဝင်ရောက်လာတဲ့ ငါးဖမ်းသင်္ဘောတွေထဲမှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ထိုင်း နိုင်ငံတွေက ငါးဖမ်းသင်္ဘောတွေဟာ အများဆုံးဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)