အစ္စလာမ် ဆန့်ကျင် ဝေဖန်ရေးသမား အလီရဲ့ ခရီးစဉ် ဖျက်သိမ်း

0
293

ဒက်ခ်ျနိုင်ငံရေးသမားဟောင်း တစ်ဦးဖြစ်ပြီး ထင်ရှားကျော်ကြားတဲ့ ကွန်ဆာဗေးတစ် အစ္စလာမ်ဝေဖန်ရေး အမျိုးသမီး အာယန်ဟီ ရာစီအလီဟာ လုံခြုံရေးအရ စိုးရိမ်ရတာကြောင့် သြစတြေးလျနဲ့ နယူးဇီလန်ကို သွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

သူမဟာ ဆိုမာလီယာနိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပြီး အစ္စလာမ်မစ်ဝါဒရဲ့ကျိုးကြောင်းမဆီလျော်မှုတွေကို ဝေဖန်မှုကြောင့် အသက် အန္တရာယ်ခြိမ်းခြောက်ခံခဲ့ ရသူလည်း ဖြစ်ပါတယ်။

သြစတေးနိုင်ငံ၊ ဘရစ္စဘန်း၊ မဲလ်ဘုန်း၊ ဆစ်ဒနီနဲ့ အော့ခ်လန့်ဒ်တွေမှာသူမရဲ့ ဟောပြောပွဲအတွက် လက်မှတ်ပေါင်း ၂၀၀၀ ခန့်ရောင်းချပြီး ဖြစ်ပါတယ်။

အဆိုပါဟောပြောပွဲကို စီစဉ်သူတွေကတော့ အလီဟာ မကြာခင်မှာ သြစတြေးလျကို လာရောက်မှာပါလို့ ပြောဆိုခဲ့ကြပါတယ်။ အလီက မွတ်စလင်အသိုင်းအ၀ိုင်းမှာ အမျိုးသမီးတွေကို ဆက်ဆံတဲ့အပေါ်မှာ အပြင်းအထန်ဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့ ဘာသာမဲ့ တစ်ဦးဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)