သတင်းထောက် ပစ်သတ်ခံရမှုကြောင့် မက္ကဆီကို သတင်းစာ ထုတ်ဝေမှု ရပ်ဆိုင်း

0
275

မက္ကဆီကိုနိုင်ငံရဲ့ ဒေသတွင်း သတင်းစာတစ်စောင်ဟာ ဂျာနယ်လစ်တွေအပေါ်မှာ အကြမ်းဖက်မှုတွေကို ထိရောက်တဲ့အပြစ်ပေး အရေးယူမှု မရှိတဲ့အတွက်ကြောင့် ဆိုပြီး သတင်းစာထုတ်ဝေမှုကို ရပ်ဆိုင်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထုတ်ဝေတဲ့ အဆိုပါသတင်းစာရဲ့ အယ်ဒီတာ့အာဘော် ကဏ္ဍမှာ ဒီနေ့ထုတ်ဝေမှုက နောက်ဆုံးဖြစ်ကြောင်း ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။ ပုံနှိပ်ထုတ်ဝေမှု ရပ်ဆိုင်းသွားပေမယ့် အွန်လိုင်းအနေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းက အဆိုပါ သတင်းစာက ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ မီရိုဆလာဗာဘရီခ်ျကို သေနတ်သမားက အသေပစ်သတ်သွားခဲ့ပါတယ်။ သူမဟာ မက္ကဆီကိုမှာ ပြီးခဲ့တဲ့ မတ်လအတွင်း အသတ်ခံရတဲ့ ဂျာနယ်လစ်သုံးဦးမှာ အပါအ၀င်ဖြစ်ခဲ့ပါတယ်။

မက္ကဆီကို၊ ချီဟွာဟွာပြည်နယ်က နိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းလုပ်တဲ့ ရာဇ၀တ်မှုတွေကို မီရိုဆာက ဆက်တိုက်ရေးသားဖော်ပြ ပေးခဲ့တာဖြစ်ပါတယ်။ မီရိုဆာဟာ ပြည်နယ်မြို့တော်ချီဟွာဟွာက နေအိမ်ရှေ့မှာ ရပ်ထားတဲ့ သူမရဲ့ကားထဲမှာပဲ သေနတ်နဲ့ ရှစ်ချက်တိတိပစ် သတ်ခံခဲ့ရတာဖြစ်ပါတယ်။ ပစ်ခတ်ခံရချိန်က သူမရဲ့ကလေးငယ်တစ်ဦး ကားထဲမှာရှိနေပေမယ့် ကံကောင်း ထောက်မစွာနဲ့ ထိခိုက်မှုမရှိခဲ့ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)