တရုတ်အမျိုးသားတစ်ဦး အသတ်ခံရမှု အတွက် ပြင်သစ်နိုင်ငံမှာ ထောင်နဲ့ချီတဲ့ တရုတ်လူမျိုးတွေဆန္ဒထုတ်ဖော်

0
251

တရုတ်အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရမှုကြောင့်ဒေါသထွက်နေတဲ့ လူပေါင်း ခြောက်ထောင်လောက်ဟာ ဧပြီလ ၂ ရက်နေ့က ပဲရစ်မြို့မှာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဲဒီဆန္ဒထုတ်ဖော်ပွဲကို ပြင်သစ်နိုင်ငံမှာရှိတဲ့ တရုတ်အဖွဲ့အစည်းအများအပြားက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခ တွေလည်းဖြစ်ပွားခဲ့ပါတယ်။

အသက် ၅၆ နှစ်အရွယ် လျူရှောင်ယို ဟာ မတ်လ ၂၆ ရက်နေ့က သူ့ရဲ့တိုက်ခန်းမှာ ပြင်သစ်ရဲတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ် ခံရပြီးသေဆုံးသွားခဲ့တာဖြစ်ပါတယ်။

သူဟာ ရဲတွေကို ဓါးတစ်လက်နဲ့ တိုက်ခိုက်ဖို့ကြိုးစားခဲ့တာကြောင့် ရဲအရာရှိတစ်ဦးကသေနတ် နဲ့ပစ်သတ်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒါပေမဲ့ သေဆုံးသူရဲ့မိသားစုဝင်တွေရဲ့ပြောဆိုချက်အရ လျူရှောင်ယို ဟာဘာ တိုက်ခိုက်မှုမှ မပြုလုပ်ခဲ့တဲ့အပြင် ရဲတွေက ဘာသတိပေးချက် မှမပြုလုပ်ပဲပစ်သတ်ခံ ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်လူမျိုး ၂ သိန်းကနေ ၃ သိန်းကြားနေထိုင်တဲ့ ပဲရစ်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ဒီကိစ္စကိုပြင်သစ်ရဲတွေက ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး တရုတ်အစိုးရကလည်း ပြင်သစ်နိုင်ငံထဲက တရုတ်လူမျိုးတွေရဲ လုံခြုံရေးကို အာမခံပေးဖို့ ပြင်သစ်အစိုးရကိုတောင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)