ကိုလံဘီယာနိုင်ငံမှာ ကိုကင်း မူးယစ်ဆေးဝါး ခြောက်တန်ဖမ်းဆီးရမိ

0
315

ကိုလံဘီယာနိုင်ငံမှာ ကိုကင်း မူးယစ်ဆေးဝါး ခြောက်တန် ကို ဖမ်းဆီးရမိ ခဲ့တယ် လို့ ကိုလံဘီယာ ရဲတွေက ဧပြီလ ၂ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

အခုတစ်ခေါက်ဖမ်းဆီးရမိခဲ့တဲ့ ကိုကင်း ပမာဏ ဟာ ဖမ်းဆီးရရှိခဲ့သမျှမူးယစ်ဆေးဝါးတွေထဲမှာ တတိယ ပမာဏ အများဆုံးဖြစ်တယ်လို့ကိုလံဘီယာ ရဲတွေက ဆိုပါတယ်။

အဲဒီကိုကင်းတွေကို ကုန်လှောင်ရုံတစ်ခုထဲမှာ ဖမ်းဆီးရရှိခဲ့တာဖြစ်ပြီး ကိုကင်းတွေ ကို ရာနဲ့ချီတဲ့ အထုပ်တွေထဲမှာထုပ်ပိုးထားတာဖြစ်ပါတယ်။

ဒီမူးယစ်ဆေးဝါးတွေဟာ နိုင်ငံရဲ့အရှေ့ဖက်မှာရှိတဲ့ မူးယစ်ဂိုဏ်းတွေက ပိုင်ဆိုင်တာဖြစ်ပြီး အခုဖမ်းဆီးရရှိတဲ့ ကိုကင်းတွေဟာ အမေရိကန်ဒေါ်လာ ၂၁၃ သန်းကျော် အထိတန်ဖိုးရှိတယ်လို့ ကိုလမ်ဘီယာ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အဲဒီကိုကင်းတွေကို ကိုလံဘီယာနိုင်ငံရဲ့ မြောက်ဖက်ကဘာရန်ကွီလာ မြို့မှာဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အဲဒီကိုကင်းတွေ နဲ့မူးယစ်ဆေးဝါးဂိုဏ်းအများအပြား ဆက်စပ်မှုရှိနေတယ် လို့လည်း ကိုလံဘီယာ ရဲတပ်ဖွဲ့ကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)