လေ့လာမှုတွေအရ ဗြိတိန်၊ ကနေဒါနဲ့ အီတလီ နိုင်ငံ ကမွေးကင်းစ ကလေးတွေဟာ အငိုအသန်ဆုံးဖြစ်

0
265

နိုင်ငံပေါင်းစုံက မွေးကင်းစ ကလေးပေါင်း ၈၇၀၀ ကိုလေ့လာပြီးတဲ့ နောက်မှာ ဗြိတိန်၊ ကနေဒါနဲ့ အီတလီ နိုင်ငံ တွေက ကလေးငယ်တွေဟာ အငိုအသန်ဆုံးကလေးငယ်တွေ ဖြစ်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ရပါတယ်။

တစ်ဆက်တည်းမှာပဲ ဒိန်းမတ်ဂျပန်နဲ့ ဂျာမနီနိုင်ငံတွေကမွေးကင်းစ ကလေးငယ်တွေဟာ ငိုကြွေးမှုအနည်းဆုံး ကလေးငယ်တွေဖြစ်တယ်ဆိုတာကိုလည်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။

မွးကင်းစကလေးငယ်တွေရဲ့အော်ဟစ်ငိုယိုတဲ့ အသံတွေဟာတစ်ဦးနဲ့တစ်ဦး ကွဲပြားမှုတွေရှိပြီး အဲဒီလို မတူညီတာဟာ လူတွေရဲ့ဓလေ့ထုံးစံကြောင့်လား သို့မဟုတ်မျိုးရိုးကြာင့်လား ဆိုတာကိုဆက်ပြီး လေ့လာရမှာဖြစ်တယ် လို့အဲဒီ လေ့လာမှုကိုဦးဆောင်ခဲ့တဲ့ ၀ါးဝစ်ခ် တက္ကသိုလ်က ပရော်ဖက်ဆာ ဒီယက်တာဝုခ် ကဆိုပါတယ်။

မွေးကင်းစ ကလေးငယ်တွေရဲ့ ငိုကြွေးမှုဟာ မွေးပြီးပြီးချင်း ခြောက်ပတ်အတွင်းမှာပဲ ပြောင်းလဲမှုတွေရှိနေတာကိုလည်း အဲဒီလေ့လာရေးအဖွဲ့ကရှာဖွေတွေ့ရှိခဲ့ပါတယ်။

လေ့လာမှုတွေအရမွေးကင်းစ လေးငယ်တွေဟာ မွေးပြီးပြီးချင်း နှစ်ပါတ်အတွင်းမှာ တစ်ရက် ကို ၂ နာရီ အထိငိုကြွေး လေ့ရှိပေမယ့် နောက် ၆ ပါတ်အတွင်းမှာ တစ်ရက်ကို ၂ နာရီနဲ့ ၁၅ မိနစ် အထိ ငိုကြွေးမှုနှုန်းမြင့်တက်လာ တတ်တာကိုလည်းလေ့လာတွေ့ရှိခဲ့ကြပါတယ်။

အဲဒီအချိန်တွေ ကို ကျော်လွန်ပြီး ၁၂ ပတ် ကြာတဲ့အချိန်မှာတော့ ကလေးရဲ့ ငိုကြွေးမှုနှုန်းဟာ တစ်ရက်ကို ၁ နာရီနဲ့ ၁၀ မိနစ်အထိ ပြန်ပြီးလျှော့ကျသွားလေ့ရှိပါတယ်။

လေ့လာမှုတွေအရ တစ်ရက်ကို မိနစ် ၃၀ ပဲငိုကြွေးတဲ့ မွေးကင်းစ ကလေးငယ်တွေ ကလည်းရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)