စကော့တလန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် ခရီးစဉ်မှာ စီးပွားရေးလုပ်ငန်း မြှင့်တင်ရေး ဆောင်ရွက်မယ်

0
347

စကော့တလန် နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ် မန်ဒဲလ် (David Mundell) ဟာ ဒီသီတင်းပတ်ထဲ လာရောက်မယ့် မြန်မာပြည် ခရီးစဉ်အတွင်း စကော့တလန်ရဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးမြှင့် လုပ်ဆောင်နိုင်ရေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ရေနံနဲ့ သဘာဝ ဓာတ်ငွေ့၊ ဝီစကီအရက်နဲ့ နည်းပညာ ကိစ္စတွေဟာ မြန်မာနိုင်ငံက စီးပွားရေးသမားတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ အဓိကအကြောင်းအရာတွေ ဖြစ်လိမ့်မယ်လို့ စကော့တလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကမ်းလွန် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့သိုက် အသစ်တွေ တွေ့ရှိနေတဲ့ မြန်မာနိုင်ငံမှာ အက်ဘာဒင် (Aberdeen) ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနဲ့ မြန်မာပြည်က စီးပွားရေးသမားတွေ ပူးတွဲလုပ်ဆောင်နိုင်ရေး မျှော်လင့်ထားပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး မန်ဒဲလ်ဟာ မြန်မာနိုင်ငံက စွမ်းအင်ဝန်ကြီးနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ယူကေ အစိုးရ လုပ်ဆောင်နေတဲ့ စီမံကိန်းတွေရဲ့ တိုးတက်မှုကိုလည်း ဆွေးနွေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)