အသည်းကွဲနေတဲ့ ထိုင်းအမျိုးသားက ဇနီးနဲ့ ကလေးကို သတ်၊ ကိုယ့်ကိုယ်ကို သတ်သေ

0
238

ထိုင်းနိုင်ငံ၊ နံ့သာဘူရီ ပြည်နယ်မှာ မတ်လ ၃ ရက်နေ့က အသည်းကွဲနေတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ဇနီးနဲ့ ကလေးဖြစ်သူ အပါအ၀င် ဇနီးသည်ရဲ့ ဖခင်ဖြစ်သူတို့ကို သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သူရဲ့ဇနီးသည်ဖြစ်သူနဲ့ ၅ နှစ်အရွယ် သားဖြစ်သူတို့ သေဆုံးခဲ့ပြီး သူ့ရဲ့ယောက္ခမ ဖြစ်သူဟာလည်း ဒဏ်အရာ အပြင်းအထန် ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ တရားခံဟာ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်ပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ဝါနာဝန် ပီယာဝန်းလို့ ခေါ်တဲ့ အမျိုးသမီးဟာ အဲဒီနေ့က သူမရဲ့ ခင်ပွန်း ဆူရာဆတ် ဒီချုင်းယို အပါအ၀င် ကလေးနဲ့ ဖခင်ဖြစ်သူကိုခေါ်ပြီး ပြည်နယ်ခရိုင်ရုံးမှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းဖို့ လက်မှတ် လာရောက် ရေးထိုးရာမှာ အခုလို ဖြစ်ပွားခဲ့တာပါ။

တာဝန်ကျ ရဲအရာရှိတွေရဲ့အဆိုအရ သူမဟာ ကားထဲမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီး ကလေးကိုတော့ ကားရဲ့အနီးနားမှာ သေဆုံးနေခဲ့တာကို တွေ့ရတာပါ။

ဇနီးသည်ဖြစ်သူကို မကွာရှင်းဖို့ ပြောဆိုခဲ့ပေမယ့် ဇနီးဖြစ်သူက ကွာရှင်းဖို့သာ ပြောဆိုရာမှ စကားများကာ ဒေါသထွက်ပြီး ပါလာတဲ့ ပစ္စတို သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားပြီးနောက် သေနတ်နဲ့ ပစ်ခတ်သူ ဆူရာဆတ်နဲ့ သူ့ယောက္ခမဖြစ်သူကိုလည်း ဒဏ်ရာတွေနဲ့အတူ ခရိုင်ရုံးအရှေ့မှာ တွေ့ခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သူတို့နှစ်ယောက်စလုံးကို အဲဒီ အနီးတ၀ိုက်မှာရှိတဲ့ ဆေးရုံတစ်ရုံကို ခေါ်ဆောင်သွားခဲ့ပေမယ့် ဆူရာဆက်ကတော့ သေဆုံးသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒီ သေနတ်ပစ်ခတ်မှုရဲ့ အသေးစိတ်ကို ရဲတွေက ဆက်လက် စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)