တောင်တရုတ် ပင်လယ်အတွင်း တရုတ်က လူစီးသင်္ဘော ထပ်မံစေလွှတ်

0
282

တောင်တရုတ် ပင်လယ်ထဲမှာ ဗီယက်နမ်၊ ထိုင်ဝမ်တို့နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းစုတွေဆီကို တရုတ်အစိုးရက လူစီး သင်္ဘောတစ်စီး ထပ်မံ စေလွှတ်လိုက်ပါတယ်။

ဒါဟာ မဟာဗျူဟာအရ အရေးပါတဲ့ အဲဒီကျွန်းစုတွေကို ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ တရုတ်အစိုးရရဲ့ နောက်ထပ် လုပ်ဆောင်ချက် ဖြစ်ပါတယ်။

ခရီးသည် ၃၀၈ ဦးကို တင်ဆောင်ထားတဲ့ အဲဒီသင်္ဘောဟာ မတ်လ ၂ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ဆန်ညာလို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းကနေ စတင်ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သင်္ဘောဟာ လူပေါင်း ၄၉၉ ဦးအထိ စီးနင်းနိုင်ပြီး သင်္ဘောထဲမှာ စားသောက်ခန်း၊ ဈေးဆိုင်ခန်းတွေနဲ့ ဆေးခန်းတွေပါဝင်တဲ့ လူစီးသင်္ဘော ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ လိုက်ပါလာခဲ့တဲ့ ခရီးသည်တွေဟာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာက ကျွန်းစု သုံးခုကို သွားရောက် လည်ပတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ အဲဒီ အငြင်းပွားနေတဲ့ ကျွန်းစုတွေမှာ ဟိုတယ်နဲ့ ဈေးဆိုင်တွေကို တည်ဆောက်သွားဖို့ ရှိနေပြီး မော်လ်ဒိုက် ကျွန်းစုမှာရှိတဲ့ အပန်းဖြေ စခန်းတွေလို လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိတယ်လို့လည်း ထုတ်ဖော် ပြောဆိုထားပါတယ်။

အဲဒီစီမံကိန်းတွေကို အကောင်အထည် ဖော်ပြီးတဲ့အခါမှာ ကမ္ဘာလှည့် ခရီးသွားတွေကို လာရောက် လည်ပတ်ခွင့် ပြု၊ မပြုဆိုတာကိုတော့ အတိအကျ ပြောဆိုခြင်း မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)