လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အိန္ဒိယ ပြေးခုန်ပစ်သမား အမေရိကန်မှာ အဖမ်းခံရ

0
231

အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသက ပြေးခုန်ပစ်သမားတစ်ဦးဟာ အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အမေရိကန်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။

၂၀၁၇ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ world snowshoe championship မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူ အသက် ၂၄ နှစ်အရွယ် တန်ဗီရာဟူစိန်ဟာ နယူးယောက်ခ်ရှိ ဆန်ရာနက်ရေကန်ဒေသက အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရပါတယ်။

မစ္စတာဟူစိန်ဟာ အစပိုင်းမှာ အမေရိကန်ပြည်ဝင်ခွင့် ဗီဇာမရရှိခဲ့ပါဘူး။ ဒါပေမဲ့ အမေရိကန် တက်ကြွလှုပ်ရှား သူတွေနဲ့ လွှတ်တော် အမတ်တွေက ကမ့်ပိန်းပြုလုပ် တောင်းဆိုခဲ့ကြတာကြောင့် သူ့ကို ဗီဇာထုတ်ပေးခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မစ္စတာဟူစိန်ရဲ့ရှေ့နေကတော့ အပြစ်မရှိကြောင်း လျှောက်လွှဲချက်ပေးထားပါတယ်။

ဆန်ရာနက် ရေကန်ဒေသရဲ့ ရဲဌာနက မစ္စတာဟူစိန်ကို အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်လေးကို ရမ္မက်နဲ့ နမ်းရှုံမှုလုပ်ခဲ့တယ် ဆိုပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

“ အတင်းအကြပ်လုပ်ဆောင်တဲ့ ပုံစံတော့မတွေ့ရပါဘူး။ အဓိကအချက်က အသက်အရွယ် ကွားခြားချက်ရှိတဲ့ လူပုဂ္ဂိုလ်နှစ်ဦးဖြစ်နေခဲ့လို့ပါပဲ” လို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။

မစ္စတာဟူစိန်ရဲ့ မိသားစုဝင်တွေကတော့ အခုလိုဖမ်းဆီးခံရတဲ့ သတင်းကြားရတဲ့အတွက် တုန်လှုပ်ထိတ်လန့်ခဲ့ကြရပေမယ့် ဥပဒေ အရဆောင်ရွက်ခွင့် ပေးခဲ့တဲ့အတွက် စိတ်သက်သာရာ ရပါတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)