ပြင်သစ် သမ္မတလောင်း နေအိမ် ၀င်ရောက်ရှာဖွေ စစ်ဆေးခံရ

0
297

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ပြင်သစ် ကွန်ဆာဗေးတစ် သမ္မတလောင်း ဖရန်ဆွာဖီလွန်ရဲ့ နေအိမ်ကို စုံစမ်းစစ်ဆေးသူတွေက ၀င်ရောက်
ရှာဖွေခဲ့ကြပါတယ်။

အဆိုပါရှာဖွေမှုဟာ သမ္မတလောင်းရဲ့ဇနီးဖြစ်သူကို ဟန်ဆောင်အလုပ်အကိုင် ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးမှုရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ သမ္မတလောင်း ဖရန်ဆွာကတော့ သူ့အနေနဲ့ ဥပဒေနဲ့ မညီညွတ်တာ ဘာမှမလုပ်ကြောင်း ငြင်းပယ်ခဲ့ပါတယ်။

သမ္မတလောင်းနေရာကနေ ဖယ်ရှားပေးဖို့ ဖိအားပေးမှုတွေ ပြင်းထန်လာပေမယ့်လည်း မစ္စတာဖရန်ဆွာကတော့ သမ္မတရွေး ကောက်ပွဲကို ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

မစ္စတာဖရန်ဆွာဟာ ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ ထင်ကြေးအများဆုံး အပေးခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့လည်း စွပ်စွဲ ချက်တွေ ထွက်ပေါ်လာ ချိန်မှာ သူ့ကိုလူကြိုက်နည်းလာခဲ့ပါတယ်။

မစ္စတာဖရန်ဆွာရဲ့မိသားစုအပေါ် ငွေကြေးဆိုင်ရာ အရှုပ်တော်ပုံ စွပ်စွဲချက်တွေ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး အဓိကစွပ်စွဲခဲ့ရသူမှာ သမ္မတလောင်းရဲ့ဇနီးဖြစ်သူ ဝေလနယ်သူ ပန်နဲလ်လုပ်ခ် ပဲဖြစ်ပါတယ်။ ပန်နဲလ်လုပ်ခ်ကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

မစ္စတာဖရန်ဆွာဟာ ဇနီးဖြစ်သူကို သူ့ရဲ့ပါလီမန်ဆိုင်ရာ လက်ထောက်အဖြစ် အမှန်တကယ်မရှိတဲ့ အလုပ်အကိုင်အတွက် ခန့်ထားခဲ့ပြီး နှစ်ပေါင်းများစွာ အတွင်းမှာ လုပ်ခလစာအဖြစ် ဒေါ်လာ ၉ သိန်း ထုတ်ပေးခဲ့တယ်လို့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)