ပစိဖိတ် သမုဒ္ဒရာ ကြမ်းပြင်မှာ ပန်းကန်ပြားပျံ ဆင်းတဲ့ လက္ခဏာ တွေ့ရှိ

0
329

ဂြိုလ်သားတွေရဲ့သတင်းအချက်အလက်တွေ နောက်ကို အမဲလိုက်သလို လိုက်နေကြတဲ့ ပညာရှင်တစ်စုဟာ ပစိဖိတ်သမုဒ္ဒရာရဲ့ ကြမ်းပြင်မှာ အချင်း ၂ မိုင်ခန့်ရှိတဲ့ ပန်းကန်ပြားပျံ ဆင်းသက်ခဲ့တဲ့ လက္ခဏာကို တွေ့ရှိခဲ့ကြပါတယ်။

အဆိုပါ ပုံမှန်မဟုတ်တဲ့ မြေမျက်နှာပြင်သဏ္ဍန်ကို ကယ်လီဖိုးနီးယား ကမ်းခြေအနီးရှိ သမုဒ္ဒရာကြမ်းပြင် အောက်ခြေမှာ တွေ့ရှိခဲ့ရ တာဖြစ်ပြီး သုတေသီတွေက ဂြိုလ်သားတွေရဲ့အခြေစိုက်စခန်းတစ်ခုလည်း ဖြစ်ခဲ့နိုင်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ဂူဂဲလ်မြေပုံရဲ့ ကိုအော်ဒီနိတ် 4.250044 ၊ -28.712918 မှာ ၄င်းထူးခြားဖြစ်စဉ်ကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး လေ့လာသူတွေက SecureTeam10 ဆိုတဲ့ ယူကျု့ဗွီဒီယိုအစီအစဉ်မှာ တင်ခဲ့ကြပါတယ်။

ဂူဂဲလ်မြေပုံကပေးထားတဲ့ အထောက်အကူ နည်းပညာတွေကို အသုံးပြုပြီး တိတိကျကျ တိုင်းတာကြည့်မယ်ဆိုရင် စက်ဝိုင်းပုံမြေ ထုသဏ္ဍန်ကြီးက ၂.၈၁ မိုင်ခန့်ရှိနေပါတယ်။

အဆိုပါ ထူးခြားဖြစ်စဉ်ကို အာဂျင်တီးနားသုတေသီမာဆဲလ်လိုအီဂါဇူတာက စတင်သတိထားမိခဲ့တာဖြစ်ပြီး တိတိကျကျတွေ့ရှိ ချက်ကို ပြီးခဲ့တဲ့လ အတွင်းက ထုတ်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)