
0
1745






>>>>>>>>>>>>>>>>>>>>>>>>>>>>>

လေဒီဂါဂါ ဗြိတိန် ဖျော်ဖြေရေးအစီစဉ်ကို ဖျက်သိမ်း

ကမ္ဘာကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ လေဒီဂါဂါ ဟာ ဗြိတိန် ဖျော်ဖြေပွဲအစီစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။
လေဒီဂါဂါ ဟာ သူရဲ့ ဖျော်ဖြေမှု စွမ်းဆောင်ရည်ပိုင်းကို ထိခိုက်မှုရှိစေနိုင်တဲ့ နာကျင်မှုတွေအများပြား ခံစားနေရတာကြောင့် ပွဲကို ဖျက်သိမ်းလိုက်ရတာဖြစ်ပါတယ်။

လေဒီဂါဂါ ဟာ ဥရောပဖျော်ဖြေရေးခဦးစဉ်ကို မလုပ်ခင် သူရဲ့ Joanne World Tour အစိတ် အပိုင်းအဖြစ် အခုသီတင်းပတ်ထဲမှာ မန်ချက်စတာမြို့မှာတစ်ပွဲ၊ လန်ဒန်မြို့မှာ နှစ်ပွဲ ဖျော်ဖြေမှုတွေလုပ်ဖို့ စီစဉ်ထားပါတယ်။

လေဒီဂါဂါ ဟာဆေးအဖွဲ့ရဲ့တိုက်တွန်းချက်ကြောင့် ပွဲဖျက်သိမ်းဖို့ ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချခဲ့ရပါတယ်။

လေဒီဂါဂါ ဟာ ခန္ဓာကိုယ်တစ်ခု လုံး ကြွက်သားတွေ နာကျင်မှုဝေဒနာ နဲ့ မောလွန်းတဲ့ဒဏ်ကိုခံစားနေရတယ်လို့ သတင်းတွေကဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)