ပီရူးမွာ တရားမ၀ယ္သယ္ေဆာင္လာတဲ့ ငွက္ ၅၁၈ ေကာင္သိမး္ဆည္းရရွိ

0
2235

ပီရူးႏိုင္ငံေတာင္ပုိင္း Arequipa ၿမိဳ႕မွာ saffron finche ငွက္မ်ိဳးစိတ္ေတြကို ဘတ္စ္ကားေပၚမွာ တရားမ၀င္ သယ္ေဆာင္မႈလာေတြကို သိမ္းဆည္းရရွိခဲ႔ပါတယ္။

သစ္သား ေလွာင္အိမ္ ၁၆ ခုထဲမွာ ငွက္ ၅၁၈ ေကာင္ကို  ခြင္႔ျပဳခ်က္မရွိဘဲ သယ္ ေဆာင္ လာခဲ့တာပါ။

သယ္ေဆာင္ လာသူကို ရဲတပ္ဖြဲ႔၀င္ေတြက ဖမ္းဆီးထားခဲ႔ၿပီ ျဖစ္ၿပီး ဒီငွက္ေတြဟာ သူတို႔က်က္စားရာ ေနရာမွာ က်န္းမာစြာေနထုိင္ေနၾကဖို႔ ကာကြယ္ေပးရမွာပဲ  ျဖစ္တယ္လို႔ ေတာရိုင္းတိရစာၦန္ကာကြယ္ေရး ဒါရုိက္တာက ေျပာ ပါတယ္။

အဲ့ဒါအျပင္သယ္ေဆာင္လာတဲ႔ ငွက္ တစ္၀က္ေလာက္ဟာ ေရဓါတ္ဆံုးရွံဳးမႈ နဲ႔ ဆာေလာင္တဲ့ ဒဏ္ကိုခံခဲ့ရတာေၾကာင့္ ေသဆံုးသြားခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ျပီးခဲ့တဲ့ ရက္ပုိင္းကလည္း Barranca  ၿမိဳ႔ရွိ စားေသာက္ဆုိင္တစ္ဆုိင္ကေန လိပ္ ၂ ေကာင္နဲ႔ ပင္ဂြင္း ၂ ေကာင္ကိုကယ္ဆယ္ခဲ့ၾကရပါေသးတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

ပီရူးမှာ တရားမဝယ်သယ်ဆောင်လာတဲ့ ငှက် ၅၁၈ ကောင်သိမး်ဆည်းရရှိ

ပီရူးနိုင်ငံတောင်ပိုင်း Arequipa မြို့မှာ saffron finche ငှက်မျိုးစိတ်တွေကို ဘတ်စ်ကားပေါ်မှာ တရားမဝင် သယ်ဆောင်မှုလာတွေကို သိမ်းဆည်းရရှိခဲ့ပါတယ်။

သစ်သား လှောင်အိမ် ၁၆ ခုထဲမှာ ငှက် ၅၁၈ ကောင်ကို ခွင့်ပြုချက်မရှိဘဲ သယ် ဆောင် လာခဲ့တာပါ။

သယ်ဆောင် လာသူကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားခဲ့ပြီ ဖြစ်ပြီး ဒီငှက်တွေဟာ သူတို့ကျက်စားရာ နေရာမှာ ကျန်းမာစွာနေထိုင်နေကြဖို့ ကာကွယ်ပေးရမှာပဲ ဖြစ်တယ်လို့ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး ဒါရိုက်တာက ပြော ပါတယ်။

အဲ့ဒါအပြင်သယ်ဆောင်လာတဲ့ ငှက် တစ်ဝက်လောက်ဟာ ရေဓါတ်ဆုံးရှုံးမှု နဲ့ ဆာလောင်တဲ့ ဒဏ်ကိုခံခဲ့ရတာကြောင့် သေဆုံးသွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း Barranca မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်ကနေ လိပ် ၂ ကောင်နဲ့ ပင်ဂွင်း ၂ ကောင်ကိုကယ်ဆယ်ခဲ့ကြရပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)