နယူးေယာက္ျပည္နယ္က အက်ဥ္းသား ၅ ေသာင္းေက်ာ္ကို တက္ဘလက္ေတြ ေပးမယ္

0
2390

အေမရိကန္ႏုိင္ငံ နယူးေယာက္ျပည္နယ္ အက်ဥ္းေထာင္က အက်ဥ္းသား ၅၀၀၀၀ ေက်ာ္ ဟာ အစိုးရဆီကေန တက္ဘလက္ အခမဲ့ရရွိမွာျဖစ္ပါတယ္။

 အက်ဥ္းသားေတြ ဟာ တက္ဘလက္ေတြကိုအသံုးျပဳၿပီး စာဖတ္တာ၊ သီခ်င္းနားေထာင္တာအျပင္ မိသားစုေတြဆီ အီးေမလ္းေပးပို႔ႏိုင္မယ့္အ ခြင့္ေရးေတြရရွိမွာျဖစ္ပါတယ္။

နယူးေယာက္ ျပည္နယ္ အစိုးရအဖြဲ႔ ဟာ အ က်ဥ္းသားေတြကိုတက္ဘလက္ ကူညီႏုိင္ေစဖုိ႔ Jpay   နည္းပညာကုမၸဏီနဲ႔ေဆြးေႏြးမႈေတြလုပ္ေဆာင္ေနၿပီး အဆုိပါ ကုမၸဏီက ျပည္နယ္တဝွမ္းရွိအက်ဥ္းသားေတြအတြက္ တက္ဘလက္ အ ခမဲ့ကူညီေထာက္ပံေပးသြားမွာျဖစ္ပါတယ္။

အက်ဥ္းသားေတြကို တက္ဘလက္ေထာက္ပံမႈေၾကာင့္ ပညာေရးအရင္းျမစ္ပိုင္းေတြကို ဆက္လက္လုပ္ေဆာင္ႏုိင္မယ့္အျပင္  ေထာင္အာဏပိုင္ေတြနဲ႔ ပတ္သက္လုိ႔ မေက်နပ္တာေတြကို တုိင္ၾကားလာႏုိင္မယ္လုိ႔ Jpay  ကေျပာပါတယ္။

နယူးေယာက္ အာ ဏာပိုင္ေတြ ဟာ ေထာင္အတြင္း ကြန္ျပဴတာစနစ္အတြက္ေငြေၾကးတစ္စံုတရာကုန္က်ခံမွာမဟုတ္ဘူးလို႔ ဆုိထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယူးယောက်ပြည်နယ်က အကျဉ်းသား ၅ သောင်းကျော်ကို တက်ဘလက်တွေ ပေးမယ်

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အကျဉ်းထောင်က အကျဉ်းသား ၅၀ဝ၀ဝ ကျော် ဟာ အစိုးရဆီကနေ တက်ဘလက် အခမဲ့ရရှိမှာဖြစ်ပါတယ်။

အကျဉ်းသားတွေ ဟာ တက်ဘလက်တွေကိုအသုံးပြုပြီး စာဖတ်တာ၊ သီချင်းနားထောင်တာအပြင် မိသားစုတွေဆီ အီးမေလ်းပေးပို့နိုင်မယ့်အ ခွင့်ရေးတွေရရှိမှာဖြစ်ပါတယ်။

နယူးယောက် ပြည်နယ် အစိုးရအဖွဲ့ ဟာ အ ကျဉ်းသားတွေကိုတက်ဘလက် ကူညီနိုင်စေဖို့ Jpay နည်းပညာကုမ္ပဏီနဲ့ဆွေးနွေးမှုတွေလုပ်ဆောင်နေပြီး အဆိုပါ ကုမ္ပဏီက ပြည်နယ်တဝှမ်းရှိအကျဉ်းသားတွေအတွက် တက်ဘလက် အ ခမဲ့ကူညီထောက်ပံပေးသွားမှာဖြစ်ပါတယ်။

အကျဉ်းသားတွေကို တက်ဘလက်ထောက်ပံမှုကြောင့် ပညာရေးအရင်းမြစ်ပိုင်းတွေကို ဆက်လက်လုပ်ဆောင်နိုင်မယ့်အပြင် ထောင်အာဏပိုင်တွေနဲ့ ပတ်သက်လို့ မကျေနပ်တာတွေကို တိုင်ကြားလာနိုင်မယ်လို့ Jpay ကပြောပါတယ်။

နယူးယောက် အာ ဏာပိုင်တွေ ဟာ ထောင်အတွင်း ကွန်ပြူတာစနစ်အတွက်ငွေကြေးတစ်စုံတရာကုန်ကျခံမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)