အင္ဒိုေနအိမ္တစ္အိမ္မွာ  ၂၀၀ ကီလိုဂရမ္ရွိတဲ့ မိေက်ာင္းတစ္ေကာင္ေမြးျမဴထား

0
2199

အင္ဒိုနီးရွားႏိုင္ငံက မိသားစုတစ္စုက အိမ္ေမြးတိရစာၦန္တစ္ေကာင္အျဖစ္  ၂၀၀ ကီလိုဂရမ္ရွိတဲ့ မိေက်ာင္းတစ္ေကာင္ကို ေမြးၿမဴထားတာကို ျပသလုိက္ပါတယ္။

သူတို႔ဟာ အဲ့ဒီမိေက်ာင္းကို ေရးခ်ဳိးေပးတာနဲ႔ ကစား တာေတြ ျပဳလုပ္ၾကပါတယ္။အဲ႔ဒီၾကီးမားတဲ့ မိ ေက်ာင္း ကို Kojek လို႔အမည္ေပးထားျပီး သူဟာ တစ္ေန႔ကို ေရႊငါး ၁.၅ နဲ႔ ၅ ကီလိုဂရမ္ၾကား စားကာ တစ္ပတ္ကို ၂.၆၁ ေပါင္ ကုန္က်စရိတ္ရွိပါတယ္။

Muhammad Iwan ဆိုသူ အသက္ ၄၁ ႏွစ္ရွိတဲ့ အမ်ိဳးသားဟာ ၁၉၉၇ ခုႏွစ္က Pangandaran ကမ္းေျခမွာ၂၅ cmရွိတဲ့ မိေက်ာင္းေပါက္ေလးကိုဖမ္းယူလာတဲ့ ငါးဖမ္းသမားဆီကေန႔ ၁.၃၁ ေပါင္နဲ႔ ၀ယ္ယူကာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။

ထုတ္ေဖာ္ျပသခဲ့တဲ့ ဗီဒီယိုဖိုင္အရ ပိုင္ရွင္ျဖစ္သူ Muhammad ဟာ ၈ ေပနဲ႔ ၈ လက္မ ရွိတဲ့ မိေက်ာင္းကို သြားတိုက္ေပးတာ၊ေရးခ်ဳိးေပးေနတာျမင္ေတြ႔ၾကၿပီး Muhammad ရဲ့ အသက္ ၂ႏွစ္ အရြယ္နဲ႔ ၁၀ ႏွစ္အရြယ္ရွိတဲ့ ကေလးငယ္  ၂ ဦးနဲ႔အတူ ကစားေနတာကိုလည္း ေတြ႔ရပါတယ္။

ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာလာတဲ့အခါမွာ  သူ႔ခႏၶာကိုယ္ကၾကီးမားလာခဲ့ေပမဲ့  သူနဲ႔ သူ႔ရဲ့ သားသမီးေတြကို တစ္ခါမွာ တိုက္ခုိက္ခဲ့ျခင္းမရွိဘူးလို႔ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်ဒိုနေအိမ်တစ်အိမ်မှာ ၂၀ဝ ကီလိုဂရမ်ရှိတဲ့ မိကျောင်းတစ်ကောင်မွေးမြူထား
အင်ဒိုနီးရှားနိုင်ငံက မိသားစုတစ်စုက အိမ်မွေးတိရစ္ဆာန်တစ်ကောင်အဖြစ် ၂၀ဝ ကီလိုဂရမ်ရှိတဲ့ မိကျောင်းတစ်ကောင်ကို မွေးမြူထားတာကို ပြသလိုက်ပါတယ်။

သူတို့ဟာ အဲ့ဒီမိကျောင်းကို ရေးချိုးပေးတာနဲ့ ကစား တာတွေ ပြုလုပ်ကြပါတယ်။အဲ့ဒီကြီးမားတဲ့ မိ ကျောင်း ကို Kojek လို့အမည်ပေးထားပြီး သူဟာ တစ်နေ့ကို ရွှေငါး ၁.၅ နဲ့ ၅ ကီလိုဂရမ်ကြား စားကာ တစ်ပတ်ကို ၂.၆၁ ပေါင် ကုန်ကျစရိတ်ရှိပါတယ်။

Muhammad Iwan ဆိုသူ အသက် ၄၁ နှစ်ရှိတဲ့ အမျိုးသားဟာ ၁၉၉၇ ခုနှစ်က Pangandaran ကမ်းခြေမှာ၂၅ cmရှိတဲ့ မိကျောင်းပေါက်လေးကိုဖမ်းယူလာတဲ့ ငါးဖမ်းသမားဆီကနေ့ ၁.၃၁ ပေါင်နဲ့ ဝယ်ယူကာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

ထုတ်ဖော်ပြသခဲ့တဲ့ ဗီဒီယိုဖိုင်အရ ပိုင်ရှင်ဖြစ်သူ Muhammad ဟာ ၈ ပေနဲ့ ၈ လက်မ ရှိတဲ့ မိကျောင်းကို သွားတိုက်ပေးတာ၊ရေးချိုးပေးနေတာမြင်တွေ့ကြပြီး Muhammad ရဲ့ အသက် ၂နှစ် အရွယ်နဲ့ ၁၀ နှစ်အရွယ်ရှိတဲ့ ကလေးငယ် ၂ ဦးနဲ့အတူ ကစားနေတာကိုလည်း တွေ့ရပါတယ်။

နှစ်ပေါင်း ၂၀ ကျော်ကြာလာတဲ့အခါမှာ သူ့ခန္ဓာကိုယ်ကကြီးမားလာခဲ့ပေမဲ့ သူနဲ့ သူ့ရဲ့ သားသမီးတွေကို တစ်ခါမှာ တိုက်ခိုက်ခဲ့ခြင်းမရှိဘူးလို့ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)