
0
1803




 


>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှားနိုင်ငံသားတွေကို အမေရိကန် ဖမ်းဆီးမှုတွေရှိနေ

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေက အခြားနိုင်ငံတွေမှာ ရုရှား နိုင်ငံသားတွေကိုဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သတိပေးလိုက်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားခရီးသွားတွေအတွက် အခုလိုမျိုးသတိပေးလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွေ ဟာ ကမ္ဘာတဝှမ်း မှာ ရုရှားနိုင်ငံ သားတွေကို ခြေရာခံ ဖမ်းဆီးတာတွေ ဆက်လက်လုပ်ဆောင်နေပြီး ဖမ်းဆီးခံရတဲ့အမှုမျိုး ၄ ဒါဇင်ကျော်ရှိသွားပြီလို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာ ကသတင်းထုတ်ပြန်ထားပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၇ ခု နှစ်တစ်နှစ်တည်းမှာပဲ ရုရှားနိုင်ငံသား ၁၀ ဦးဟာ ပြည်ပ နိုင်ငံတွေမှာအမေရိကန်ရဲ့ ဖမ်းဆီးမှုခံရတယ်လို့ ဆိုထားပါတယ်။

အမေရိကန်နိုင်ငံဟာ ပြီးခဲ့တဲ့လက ရုရှားနိုင်ငံဆီ ခရီးသွားတာတွေကို သတိပေးမှု ထုတ်ပြန်ပြီးနောက် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက အခုလမှာ သတိပေးမှုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)