မြတ္စလင္ အုုပ္စုထဲကို ကားနဲ႔ ဝင္တုိက္ခဲ့သူကို တစ္သက္တစ္ကၽြန္း ျပစ္ဒဏ္ေပး

0
1789

ၿဗိတိန္ တရား႐ံုးဟာ  ၿပီးခဲ့တဲ့ႏွစ္က  လန္ဒန္ၿမိဳ႕ ဗလီအနီး ဝတ္ျပဳေနသူအုပ္စုထဲကို ဗင္ကားနဲ႔ ဝင္တုိက္ခိုက္ခဲ့သူကို ေထာင္ဒဏ္ တစ္သက္တစ္ကၽြန္း ျပစ္ဒဏ္ေပးလုိက္ပါတယ္။

တရားသူႀကီး  ခ်ီမာ  ဂရက္က   ဗင္ကားနဲတုိက္သူ  ဒါရမ္ အုိစ္ဘိုနီ ကို ျပစ္မႈႏွစ္ခု အတြက္ ျပစ္ဒဏ္ခ် မွတ္ခဲ့ၿပီး   တစ္ခုက  ေထာင္ဒဏ္ ၄၃ ႏွစ္ျဖစ္ကာ ေနာက္တစ္မႈအတြက္  ရက္ေပါင္း ၂၂၄ ရက္ ဝန္ေဆာင္မႈေပးရမယ့္ ျပစ္ဒဏ္ျဖစ္တယ္လို႔ေျပာခဲ့ပါတယ္။  

ဒါရမ္ အုိစ္ဘိုနီ ဟာ ၿပီးခဲ့တဲ့ႏွစ္ ဇြန္လက Finsbury Park   ဗလီ နားက လူအုပ္ထဲကို ဗင္ကားနဲ႔ တုိက္ခုိက္ခဲ့ၿပီး  တစ္ဦးေသဆံုးကာ ၁၂ ဦးဒဏ္ရာရခဲ့ပါတယ္။

ဒါရမ္ အုိစ္ဘိုနီ   ရဲ႕အမႈကို  တစ္နာရီေက်ာ္ ၾကာစစ္ေဆးၿပီးေနာက္ တရားသူေတြၾကီးေတြက သူဟာ  လူေတြေသဆံုးေအာင္ ရည္ခ်က္ရွိတဲ့အျပင္ အြန္လုိင္းမွာ မြတ္စလင္မုန္းတီးေရး ဝါဒျဖန္႔တာေတြရွိခဲ့တာေၾကာင့္ ေထာင္ဒဏ္ျပစ္ဒဏ္ခ်ခဲ့တာလုိ႔ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မွတ်စလင် အုပ်စုထဲကို ကားနဲ့ ဝင်တိုက်ခဲ့သူကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပေး

ဗြိတိန် တရားရုံးဟာ ပြီးခဲ့တဲ့နှစ်က လန်ဒန်မြို့ ဗလီအနီး ဝတ်ပြုနေသူအုပ်စုထဲကို ဗင်ကားနဲ့ ဝင်တိုက်ခိုက်ခဲ့သူကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပေးလိုက်ပါတယ်။

တရားသူကြီး ချီမာ ဂရက်က ဗင်ကားနဲတိုက်သူ ဒါရမ် အိုစ်ဘိုနီ ကို ပြစ်မှုနှစ်ခု အတွက် ပြစ်ဒဏ်ချ မှတ်ခဲ့ပြီး တစ်ခုက ထောင်ဒဏ် ၄၃ နှစ်ဖြစ်ကာ နောက်တစ်မှုအတွက် ရက်ပေါင်း ၂၂၄ ရက် ဝန်ဆောင်မှုပေးရမယ့် ပြစ်ဒဏ်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။

ဒါရမ် အိုစ်ဘိုနီ ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက Finsbury Park ဗလီ နားက လူအုပ်ထဲကို ဗင်ကားနဲ့ တိုက်ခိုက်ခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒါရမ် အိုစ်ဘိုနီ ရဲ့အမှုကို တစ်နာရီကျော် ကြာစစ်ဆေးပြီးနောက် တရားသူတွေကြီးတွေက သူဟာ လူတွေသေဆုံးအောင် ရည်ချက်ရှိတဲ့အပြင် အွန်လိုင်းမှာ မွတ်စလင်မုန်းတီးရေး ဝါဒဖြန့်တာတွေရှိခဲ့တာကြောင့် ထောင်ဒဏ်ပြစ်ဒဏ်ချခဲ့တာလို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)