ကေလးငယ္ေတြရဲ႕ ပညာေရးအတြက္ ကူညီေထာက္ပံမႈေပးဖုိ႔  ရီဟားနားေတာင္းဆုိ

0
1745

ကမာၻေက်ာ္အဆုိေတာ္ျဖစ္တဲ့ ရီဟားနား ဟာ   ဆင္းရဲတဲ့ႏုိင္ငံေတြ က ကေလးေတြရဲ႕ ပညာေရးအတြက္ ဘ႑ေရးပိုင္း  ကူညီေထာက္ပံေပးမႈေတြလုပ္ဖုိ႔ ကမာၻေခါင္းေဆာင္ေတြကို ေတာင္းဆုိလိုက္ပါတယ္။

ရီဟားနားဟာ   ဆီနီေဂါမွာက်င္းပခဲ့တဲ့ ႏိုင္ငံတကာအစည္းအေ၀းကို တက္ေရာက္ေနၿပီး တြစ္တာက တဆင့္ ပညာေရးအတြက္ ကူညီေထာက္ပံေပးမႈေတြ လုပ္ဖုိ႔  ကမာၻေခါင္းေဆာင္ေတြကို ေတာင္းဆုိခဲ့တာျဖစ္ပါတယ္။

ရီဟားနားဟာ Global Partnership for Education  ရဲ႕ သံတမန္တစ္ဦးျဖစ္ၿပီး   Global Partnership  အဖြဲ႔ဟာ  ကမာၻတ၀န္းရွိ  ေဘးဒုကၡျဖစ္ေနတဲ့ ေဒသေတြက ကေလးငယ္ ၈၇၀ သန္း အတြက္ ပညာေရး ေထာက္ပံမႈအျဖစ္ အေမရိကန္ေဒၚလာ ၃ ဒသမ ၁ ဘီလီယံရရွိဖုိ႔ ရည္ရြယ္ထားပါတယ္။

ရီဟားနားဟာ   အမ်ိဳးသမီးေတြရဲ႕ပညာေရးနဲ႔ပတ္သက္ၿပီး ကူညီေထာက္ပံေပးဖုိ႔  ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ ထရီဆာေမ၊  ၾသစေၾတးလ် ဝန္ ႀကီးခ်ဳပ္  တန္ဘူလ္ နဲ႔ ျပင္သစ္ သမၼတ မက္ ခရြန္တုိ႔ကိုလည္း  တြစ္တာမွ တဆင့္ ဖိအားေပးေတာင္းဆုိတာေတြရွိခဲ့ပါတယ္။  

 

ရီဟားနားဟာ ကေလးငယ္ေတြရဲ႕ ပညာေရးအတြက္   ၿဗိတိန္ႏိုင္ငံကို  အေမရိကန္ေဒၚလာ ၅၄၂ သန္း၊   ၾသစေၾတးလ် ကိုအေမရိကန္ေဒၚလာ ၁၆၀ သန္းနဲ႔  ျပင္သစ္ ကိုအေမရိကန္ေဒၚလာ ၃၁၂ သန္း ကူညီေထာက္ပံေပးဖို႔  ေတာင္းဆုိမႈေတြရွိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကလေးငယ်တွေရဲ့ ပညာရေးအတွက် ကူညီထောက်ပံမှုပေးဖို့ ရီဟားနားတောင်းဆို

ကမ္ဘာကျော်အဆိုတော်ဖြစ်တဲ့ ရီဟားနား ဟာ ဆင်းရဲတဲ့နိုင်ငံတွေ က ကလေးတွေရဲ့ ပညာရေးအတွက် ဘဏ္ဍရေးပိုင်း ကူညီထောက်ပံပေးမှုတွေလုပ်ဖို့ ကမ္ဘာခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။

ရီဟားနားဟာ ဆီနီဂေါမှာကျင်းပခဲ့တဲ့ နိုင်ငံတကာအစည်းအဝေးကို တက်ရောက်နေပြီး တွစ်တာက တဆင့် ပညာရေးအတွက် ကူညီထောက်ပံပေးမှုတွေ လုပ်ဖို့ ကမ္ဘာခေါင်းဆောင်တွေကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ရီဟားနားဟာ Global Partnership for Education ရဲ့ သံတမန်တစ်ဦးဖြစ်ပြီး Global Partnership အဖွဲ့ဟာ ကမ္ဘာတဝန်းရှိ ဘေးဒုက္ခဖြစ်နေတဲ့ ဒေသတွေက ကလေးငယ် ၈၇၀ သန်း အတွက် ပညာရေး ထောက်ပံမှုအဖြစ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံရရှိဖို့ ရည်ရွယ်ထားပါတယ်။

ရီဟားနားဟာ အမျိုးသမီးတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီး ကူညီထောက်ပံပေးဖို့ ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေ၊ သြစတြေးလျ ဝန် ကြီးချုပ် တန်ဘူလ် နဲ့ ပြင်သစ် သမ္မတ မက် ခရွန်တို့ကိုလည်း တွစ်တာမှ တဆင့် ဖိအားပေးတောင်းဆိုတာတွေရှိခဲ့ပါတယ်။

ရီဟားနားဟာ ကလေးငယ်တွေရဲ့ ပညာရေးအတွက် ဗြိတိန်နိုင်ငံကို အမေရိကန်ဒေါ်လာ ၅၄၂ သန်း၊ သြစတြေးလျ ကိုအမေရိကန်ဒေါ်လာ ၁၆၀ သန်းနဲ့ ပြင်သစ် ကိုအမေရိကန်ဒေါ်လာ ၃၁၂ သန်း ကူညီထောက်ပံပေးဖို့ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)