
0
1691





>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗြိတိန်နာမည်ကြီးအမျီုးသမီး ပေါ့ဂီတအဖွဲ့ The Spice Girls ပြန်လည် ပေါင်းစည်း မယ်

ဗြိတိန်နာမည်ကြီးအမျီုးသမီး ပေါ့ဂီတအဖွဲ့ဖြစ်တဲ့ The Spice Girls ဟာ အနုပညာစီမံကိန်း အသစ်တွေလုပ်ကိုင်နိုင်ဖို့ ပြန်လည်ပေါင်းစည်တော့မှာဖြစ်ပြီး စီမံကိန်းသစ်ဟာ အဖွဲ့ဝင် ၅ ဦးရှိတဲ့ The Spice Girls အတွက် တစ်ဦးကို ပေါင် ၁၀ သန်းပေးရမှာဖြစ်ပါတယ်။

ဗစ်တိုးရီးယားဘက်ခမ်းက သီချင်းဆိုမှာမဟုတ်ဘဲ အခြားအနုပညာလုပ်ငန်းတွေကို သာပူးပေါင်း ပါဝင်သွားဖွယ်ရှိနေတယ်လို ့သိရပါတယ်။

Spice Girls အနုပညာလုပ်ငန်းဆိုင်ရာ စီမံကိန်းအသစ်တွေမှာ တရုတ်နိုင်ငံအတွင်း ရုပ်သံပရောဂျက်များ၊ တီဗီအစီအစဉ်များ၊ သူတို့အဖွဲ့ရဲ့အောင်မြင့်ခဲ့တဲ့ သီချင်းတွေစုစည်းပြီး အယ်လ်ဘမ်အသစ်ထုတ်ဖို့ ၊ ကြော်ငြာ အစီအစဉ်များနဲ့ အခြား အနုပညာလုပ်ငန်း အစီစဉ်တွေကို အတူတကွ လုပ်ကိုင် သွားမှာဖြစ်ပါတယ်။

The Spice Girls အဖွဲ့ဝင်တွေ ဟာ ဖေဖော်ဝါရီ ၂ ရက်နေ့ က ပြန်လည်ပေါင်းစည်းရေးအတွက်ဆွေေးနွးခဲ့ပြီး အဲဒီတွေဆုံမှုဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း အခန်း တစ်ခန်းထဲမှာ ငါးဦးအတူ ပထမ ဆုံးအကြိမ်ဖြစ် တွေဆုံတာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)